မင်းဘူး ၊ အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မင်းဘူးဦးဩဘာသခန်းမ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ခေါင်းဆောင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ဒုခရိုင်ဥပဒေအရာရှိ ဒေါ်ထက်ထက်စမ်းက ဥပဒေပြဋ္ဌာန်းချက်များမှ အခန်း(၁) အမည်၊ စတင်အာဏာတည်ခြင်း၊ စီရင်ပိုင်ခွင့်အာဏာနှင့် အဓိပ္ပာယ်ဖော်ပြချက်များ၊ အခန်း(၂) ရည်ရွယ်ချက်များ၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ဦးစီးအရာရှိ ဦးတင်ထွန်းဝင်းက အခန်း(၅)စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်အဂတိလိုက်၏စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင် ရဲမှူးလှိုင်ဝင်းက အခန်း(၁၀)မှ ပြစ်မှုနှင့်ပြစ်ဒဏ်များကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင် (ရွှေကန်မြေ)
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق