ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ အောက်တိုဘာ ၁၈

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး Mr. Anton Kobyakov ၏ ဖိတ်ကြားမှုအရ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိမော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် Russia Energy Week International Forum (REW) သို့ တက်ရောက်သည်။

အောက်တိုဘာ ၁၅ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Gazprom International Limited မှ General Director ဖြစ်သူ Mr. Sergey Tumanov ဦးဆောင်သည့်အဖွဲ့၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် Zarubezhneft JSC ကုမ္ပဏီမှ General Director ဖြစ်သူ Mr. Sergey Kudryashov ဦးဆောင်သည့်အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ရေနက်ဆိပ်ကမ်းများကို အသုံးပြု၍ Energy Trading ပြုလုပ်နိုင်မည့်အခွင့်အလမ်းကောင်းများ၊ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ တည်ဆောက်၍ ရေနံချက်စက်ရုံ တည်ဆောက်၍ ထွက်ရှိလာသော ရေနံထွက်ကုန်ပစ္စည်းများကို ပြည်တွင်းတွင်သာမက ဒေသတွင်းနိုင်ငံများတွင် ဖြန့်ဖြူးရောင်းချပေးနိုင်မည့် အလားအလာကောင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာ ၁၆ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် Mr. SHATIROV Sergey Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံစွမ်းအင်ကဏ္ဍပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၈)ကြိမ်မြောက်ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်၏ အဓိကအခမ်းအနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေး(Main Forum-Plenary Session) သို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ သမ္မတမစ္စတာဗလာဒီမာပူတင်က လူသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုတွင် စွမ်းအင်ကဏ္ဍ၏အရေးပါမှု၊ ကမ္ဘာ့စွမ်းအင်ဖြည့်ဆည်းပေးမှုတွင် ရုရှားနိုင်ငံ၏ ပါဝင်နေသည့်အခန်းကဏ္ဍ၊ Digital Industry ဖွံ့ဖြိုးလာမှုတွင် အဓိကကျသည့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်မှု၊ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်လုံခြုံရေးကို ရေရှည်အတွက်မျှော်မှန်းကာ အစီအမံများချမှတ်ဆောင်ရွက်နေမှုတို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖိုရမ်တက်ရောက်နေစဉ်အတွင်း စွမ်းအင်ကဏ္ဍတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းအသီးသီးမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို လေ့လာ ကြည့်ရှုကြပြီး Joint Stock Company Inter RAO ပြခန်းတွင် သဘာဝဓာတ်ငွေ့ကို လေလွင့်ဆုံးရှုံးမှု အနည်းဆုံးအသုံးပြု၍ လျှပ်စစ်ထုတ်လုပ်နိုင်သည့် Combined-cycle Gas Turbine များ၏ စွမ်းဆောင်ရည်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးခဲ့သည်။

ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်ကို ၂၀၁၇ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး စွမ်းအင်ကဏ္ဍတွင်ဖြစ်ပေါ်နေသည့် ပြဿနာများကိုဖြေရှင်းရေး၊ လူသားတို့အတွက် စွမ်းအင်တိုးမြှင့်ဖြည့်ဆည်းနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ၊ ရာသီဥတု၊ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)