Pages

Pages

မြောက်ဥက္ကလာပမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့၀င်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်လှစ်





မြောက်ဥက္ကလာပ၊ အောက်တိုဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌  ပြည်ထဲရေး၀န်ကြီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ အရန်မီးသတ်တပ်ဖွဲ့၀င်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန် မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ  မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ  ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူက သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့  မြန်မာနိုင်ငံတော် အနေဖြင့်  လုပ်သားပြည်သူများရဲ့  ဘ၀များ ငြိမ်းချမ်းသာယာစေဖို့  နှင့် လုံခြုံစိတ်ချရစေဖို့ အတွက်  မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့၀င်များကို  လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာ၀န်များအား အလေးထားပြီး သင်တန်းမှ ပို့ချပေးမည် ဘာသာရပ်များကို စိတ်ပါ၀င်စားစွာဖြင့် စနစ်တကျ လေ့လာသင်ယူရန်လိုအပ်ပြီး ပြည်သူအကျိုး ပြု‌ လုပ်ငန်းများ ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စသည့် တို့ကို ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ  ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးသူက သင်တန်းသားများအား  တူညီ၀တ်စုံအား ထောက်ပံ့ပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ခွဲမှူး ဦးသိန်း၀င်းက လက်ခံရယူခဲ့သည်။ အဆိုပါ သင်တန်းကို  နည်းပြ ၂ ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းကို သင်တန်းသား ၅၀ ဦးက တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလ မှာ အောက် တိုဘာ  ၁၃ ရက်နေ့မှ နို၀င်ဘာ ၇  ရက်နေ့ထိ   လေးပတ်ကြာ သင်ကြားပို့ချ ပေးမည် ဖြစ်သည်။

အဆိုပါ သင်တန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ  ဦးမိုးသူ  နှင့် အဖွဲ့၀င်များ ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးနှင့် တပ်ဖွဲ့၀င်များ ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ အရန်မီးသတ်တပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူး နှင့် တာ၀န်ရှိသူများ ၊ သင်တန်း သားများ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق