မိုးညှင်းတက္ကသိုလ်၌ ၂၀၂၅ ပညာသင်နှစ် အင်္ဂလိပ်စာ(မိသားစု)၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်းတက္ကသိုလ်၌ ၂၀၂၅ ပညာသင်နှစ် အင်္ဂလိပ်စာ(မိသားစု)၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ




မိုးညှင်း  ၊ အောက်တိုဘာ ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၅ ပညာသင်နှစ် အဝေးသင် သင်တန်းများ စတင်ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိရာ အဝေးသင်သင်တန်း အင်္ဂလိပ်စာ(မိသားစု)၏ အာစရိယ ပူဇော်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ကျောင်းသားကျောင်းသူများမှ မြတ်ဆရာသီချင်းဖြင့် အဖွင့်ပူဇော်ဂါရဝပြုကြပြီး ဆီမီးများထွန်းညှိပူဇော်ကြကာ တက်ရောက်လာကြသည့် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် သက်ဆိုင်ရာဘာသာရပ်များမှ ဆရာ၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူများမှ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။

ဆက်လက်၍ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အမှာစကားပြောကြားပြီး အင်္ဂလိပ်စာဘာသာရပ်မှ တွဲဖက်ပါမောက္ခ (ဌာနမှူး) ဒေါ်စံပယ်ဦးက ၂၀၂၅ ပညာသင်နှစ် အင်္ဂလိပ်စာ (မိသားစု)၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် အင်္ဂလိပ်စာဘာသာရပ် အဝေးသင်သင်တန်းမှ နောက်ဆုံးနှစ် ကျောင်းသူတစ်းဦးက ယခုပညာသင်နှစ်တွင် တက်ရောက်လာကြသည့် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ပထမနှစ်ကျောင်းသားတစ်ဦးမှ အဆိုပါ ကြိုဆိုပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်ဖြင့် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများက ပျော်ပွဲရွှင်ပွဲများဖြစ်သည့် အကအလှပဒေသာအစီအစဉ်များနှင့် တေးသီချင်း အစီအစဉ်များကို လည်းကောင်း၊ ပထမနှစ်ကျောင်းသား၊ကျောင်းသူများမှ King နှင့် Oueen ရွေးချယ်ခြင်းများကိုလည်းကောင်း ကျင်းပခဲ့ကြကြောင်း သိရသည်။


ရွှေမိုးညှင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)