စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဉ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို အောက်တိုဘာဘာ၁၇ ရက် နံနက်(၈)နာရီမှစတင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါသက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသဆောင်ရွက်ခြင်းကို ဟုမ္မလင်းမြို့ခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ နေဝင်းထွန်းနှင့် တာဝန်ကျဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း နှလုံးရောဂါ၊ သွေးတိုး ၊ဆီးချို၊ ရောဂါအခံရှိသူသက်ကြီး ဘိုးဘွားစုစုပေါင်း(၉၅)ဦးအားအခမဲ့စောင့်ရှောက်ကုသပေးသည်။ ထို့နောက်၊သက်ကြီးဘိုးဘွားများအားမြို့နယ်ပြည်သူ့ကျန်းးမာရေးဦးစီးဌာနမှကြာဆံဟင်းခါးဖြင့်အာဟာရဒါနပြု လှူဒါန်းခဲ့ကြောင်းသိရသည်။
ဟုမ္မလင်း
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق