သင်္ဃန်းကျွန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲကျင်းပ




သင်္ဃန်းကျွန်း  ၊ အောက်တိုဘာ ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(သုဝဏ္ဏ)တွင် ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲတို့အား အဆိုပါ ကျောင်း သီရိသုဝဏ္ဏပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားမကျင်းပမီ ကျောင်းသား/ ကျောင်းသူကလေးငယ်များ ပျော်ရွှင်စေရန် ဘောလုံးပစ်၊ အရုပ်ဆက်၊ ခါးလှည့်ကွင်း၊ အိတ်စွပ်ခုန်နှင့် အာလူးကောက် ဂိမ်းကစားခြင်းပြိုင်ပွဲများ ကျင်းပ ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ပထမဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး အခမ်းအနား ဖွင့်လှစ်ခဲ့သည်။


ဆက်လက်ပြီး စာရေးဆရာ ဦးဇော်မျိုးအောင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သက်ဆိုင်သည့် ဗဟုသုတရဖွယ် အကြောင်းအရာများအား ဟောပြောခဲ့သည်။ အ-ထ-က (သုဝဏ္ဏ) G - 4&5 ကျောင်းသား/ကျောင်းသူလေးများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆက်လက်ကျင်းပပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြင့်စန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက်စာရေးဆရာ ဦးဇော်မျိုးအောင်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ပုံပြင်ပြောပြိုင်ပွဲ နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူလေးများအား ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်၊ စာရေးဆရာ ဦးဇော်မျိုးအောင်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ဇော်မိုး

https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)