ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအား ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကြည့်ရှုအား‌ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုအား ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကြည့်ရှုအား‌ပေး





ပုဇွန်တောင်၊ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါလျက် မြို့နယ်အတွင်းရှိ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်မဲစာရင်းများ ကပ်ထားကြေညာမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ကြည့်ရှုအားပေးရာ၌ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များရှိ   ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားမှုအား လာရောက်ကြည့်ရှုနေသည့်ပြည်သူများ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းတွင် မပါဝင်သေးသူများ ပါဝင်ဆန္ဒမဲပေးနိုင်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများ မဲပေးနိုင်ရေး၊ မသန်စွမ်းသူများမဲပေးနိုင်ရေး၊ သေဆုံးစာရင်းများ မဲအမည်စာရင်းမှပယ်ဖျက်နိုင်ရေး စသည့် အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ထုံးလုပ် နည်းများနှင့်အညီ ပူးပေါင်း ဆောင်ရွက်သွားကြရေး၊ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ လိုအပ်သည်များ အမြန်ဆုံး ကူညီဖြေရှင်းပေးရန် တာဝန်ရှိသူများအား ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။


ဟန်စုယဥ်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)