ရုရှားငွေတွေနဲ့ ပတ်သက်ပြီး အီးယူမှာ ဝေပုံမကျဖြစ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားငွေတွေနဲ့ ပတ်သက်ပြီး အီးယူမှာ ဝေပုံမကျဖြစ်နေ


အောက်တိုဘာ - ၂၃ ( ကြာသပတေးနေ့ ) 

၂၀၂၂ ရုရှား- ယူကရိန်း ပဋိပက္ခဖြစ်ပြီးနောက် ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံတွေက သူတို့ဆီမှာ ရင်းနှီးမြုပ်နှံထားတဲ့ ရုရှားနိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလိုက်ပါတယ်။ ပိုင်ဆိုင်မှုအများစုကို ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့က ဘဏ်ကြီးတစ်ခုမှာ ထည့်ထားပြီး ဘဏ်တိုးတွေကို ထုတ်သုံးနေပါတယ်။ 

အဲ့ဒိဘဏ်တိုးတွေက ကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး နှစ်စဉ်ရနေတာပါ။ အဲ့ဒိဘဏ်တိုးတွေနဲ့ပတ်သက်ပြီး အီးယူအဖွဲ့ဝင်အချို့က ဥရောပနိုင်ငံထုတ်လက်နက်တွေဝယ်ပြီး ယူကရိန်းကို ထောက်ပံ့စေချင်ပြီး အချို့နိုင်ငံတွေက အမေရိကန်ထုတ်လက်နက်တွေကို ဝယ်စေချင်နေပါတယ်။ 

ဥရောပအရာရှိတွေက ယူကရိန်းကို အပြစ်ပေးချေးငွေ လို့ ခေါ်တဲ့ အဲ့ဒိဘဏ်တိုးတွေနဲ့ ကူညီထောက်ပံ့နေတာပါ။ သူတို့က ယူကရိန်းကို ကန်ဒေါ်လာ ၁၆၂ ဘီလီယံ အထိ ချေးငွေထုတ်ပေးမယ်လို့ ကတိကဝတ်လည်း ပြုထားပါတယ်။ ဆိုလိုချင်တာက ရုရှား ပိုက်ဆံနဲ့ ရုရှားကို ပြန်တိုက်ခိုင်းတဲ့ သဘောပါပဲ။ 

အဲ့ဒိရုရှားပိုင်ပစ္စည်းတွေရဲ့ ဘဏ်တိုး နဲ့ချေးထားတဲ့ ယူကရိန်းရဲ့ ချေးငွေနဲ့ပတ်သက်ပြီး ယူကရိန်းဘက်က ထွက်လာတဲ့ အသံကတော့ ရုရှားတွေသူတို့ကို ကျူးကျော်တိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးသွားတဲ့ ပမာဏကို ချေပြီးမှ ပိုတဲ့ ပမာဏကိုပဲ ပြန်ပေးနိုင်မယ်လို့ ဖြစ်ပါတယ်။ 

မော်စကိုအစိုးရကတော့ အဲ့ဒိဘဏ်တိုးချေငွေးတွေနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေကို သူခိုးတွေဆိုပြီး အစကတည်းက စွပ်စွဲထားတာရှိပါတယ်။ အဲ့ဒိချေးငွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေကို ချတာ အီးယူနိုင်ငံအားလုံးမဟုတ်ဘဲ အီးယူးအဖွဲ့ရဲ့ထိပ်တန်း အရာရှိအချို့ နဲ့ပဲ သက်ဆိုင်နေပါတယ်။ 

အီတလီနိင်ငံ ပေါ်လက်တီကို သတင်းဌာနကတော့ ရုရှားပိုင်ဆိုင်မှုက ရတဲ့ ဘဏ်တိုးကိစ္စက တဖြည်းဖြည်းနဲ့ ပွတ်တိုက်မှု ကြီးထွားလာနေပြီလို့ ရေးသားနေပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အယူအဆတစ်ခုကတော့ ဂျာမဏီနဲ့ အီတလီတို့လို မဟုတ်ဘဲ အဲ့ဒိဘဏ်တိုးတွေကို အီးယူရဲ့ကာကွယ်ရေးမှာ ပြန်သုံးသင့်တယ်လို့ အကြံပြုနေပြီး အဲ့ဒိ၂ နိုင်ငံကတော့ အတ္တလန်တစ်သမုဒ္ဒရာကို ကျော်ပြီး အမေရိကန်ကိုပါ ပါဝင်နေစေလိုတာပဲ ဖြစ်ပါတယ်။ ဂျာမဏီတို့ အီတလီတို့က ချေးငွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာပြဿနာဖြစ်လာပါက အမေရိကန်ကိုပါ ပါစေချင်တဲ့ သဘောဖြစ်နေပါတယ်။ 

လောလောဆယ် သဘောတူထားတဲ့ အီးယူရဲ့မူကြမ်းမှာတော့ အဲ့ဘဏ်တိုးငွေတွေကို ဥရောပကာကွယ်ရေး စက်မှုလုပ်ငန်းတွေမှာ သုံးမယ်လို့ အစည်အဝေးနိဂုံးချုပ်မှာ ဖော်ပြထားပါတယ်။ ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာတော့ အကြိတ်အနယ်ပြောဆိုမှုတွေရှိပြီး ဘဏ်တိုးတွေကို လက်နက်စက်ရုံတွေရှိတဲ့ နိုင်ငံတွေက အရေခြုံတောင်းဆိုမှုတွေ ဖြစ်နေတယ်ဆိုပြီး စွပ်စွဲမှုတွေတောင် ဖြစ်နေပါတယ်။ 


REF: RT  

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)