စစ်တွေမြို့၌ သီတင်းကျွတ်ပွဲတော် သံဃာတော် အပါး ၅၀၀ အား စုပေါင်းဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်တွေမြို့၌ သီတင်းကျွတ်ပွဲတော် သံဃာတော် အပါး ၅၀၀ အား စုပေါင်းဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ


စစ်တွေ၊ အောက်တိုဘာ  ၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ သီတင်းကျွတ်ပွဲတော် သံဃာတော် အပါး၅၀၀ အား  စုပေါင်းဆွမ်းဆန်တော်လောင်းလှူပွဲကို  ယမန်နေ့က စစ်တွေမြို့ရှိ လောကာနန္ဒာ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ စစ်တွေမြို့ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ  ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိ ဘဒ္ဒန္တ နာဂိန္ဒ ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးအမှူးပြုသော စစ်တွေမြို့ ဘုန်းတော်ကြီးကျောင်းအသီးသီးတို့မှ သံဃာတော် အပါး ၅၀၀ က စေတီတော်မြတ်ကြီး ရင်ပြင်တော်တစ်ပတ် ဆွမ်းခံကြွရောက်တော်မူကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ အလှူငွေများ ဆက်ကပ်လောင်းလှူကြသည်။ ထို့အပြင် စစ်တွေမြို့ရှိ သီလရှင်ကျောင်း တိုက်များမှ သာသနာနွယ်ဝင် သီလရှင်အပါး ၁၀၀ အား ဆွမ်းဆန်စိမ်းနှင့် အလှူငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း   သတင်းရရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)