Pages

Pages

မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဆက်လက်ထုတ်ပြန် ကြေညာထားရှိ




မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအတွက် မဲ ဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ နေ့နံနက်မှစ၍  ရပ်ကွက် (၁၉)ခုရှိ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆက်လက် ကပ်ထားကြေညာထားလျက်ရှိသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက် (၁၉) ရပ်ကွက်ရှိ မဲရုံ (၁၄၀)  ရုံရှိကြောင်းနှင့် မဲစာရင်းများကို ၃၀-၉-၂၀၂၅ ရက်နေ့မှ ၁၃- ၁၀-၂၀၂၅ ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာပေးလျက်ရှိရာ မဲစာရင်းများပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များက လိုအပ်သည့်တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာတွင် အချိန်ပိုမိုရရှိစေရန်အတွက် မဲစာရင်းကို အောက် တိုဘာ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့ထိ (၇)ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်ရှင်မှ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်ထုတ်ပြန်ထားရှိသည်။   

မြောက်ဥက္ကလာပမြို့နယ်အတွင်းမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူစုစုပေါင်း (၁၇၈၀၉၂) ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ 


သက်လွင်စိုး

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق