မြစ်ကြီးနားမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စက္ကုဒါန အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီးနားမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ စက္ကုဒါန အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိ






မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ သဲဖြူကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအား အမှူးထား၍ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်နယ်အတွင်းရှိ ဒေသခံမျက်စိရောဂါဝေဒနာခံစားနေရသူများအား စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်သွားမည်ရာ ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီးသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့မှုနှင့် ပံ့ပိုးမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများအတွက် ပြည်သူ့ဆေးရုံကြီး (၃)ထပ် လူနာဆောင်၌ လက်ခံဆောင်ရွက်နေမှုကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချူပ် ဒေါ်အေးအေးမော်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် အဖွဲ့ဝင်များက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်၊ အထူးကုဆေးရုံကြီး(မန္တလေး)မှ မျက်စိအထူးကုဆရာဝန် ဒေါက်တာဝင်းထွန်းနိုင်နှင့် မျက်စိအထူးကုဆေးရုံ(စဉ့်ကိုင်မြို့)မှ အထူးကုဆရာဝန် ဒေါက်တာရီလင်းတို့ ဦးဆောင်သည့် အထက် တန်းသူနာပြုများ၊ အကူသူနာပြုများ၊ မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကုဆရာဝန် နှင့်သူနာပြုများ၊ အမှတ် (၁) တပ်မတော်ဆေးရုံ(ခုတင်-၃၀၀)မှ အထူးကုဆရာဝန်တို့နှင့်အတူ ကချင် ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒူဝါ‌‌‌ဒေါက်တာဘွမ်ယွမ်နှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းကူညီမှုဖြင့် မျက်စိစမ်းသပ်ကုသရန် လာရောက်ကြသူများအား စာရင်းသွင်းလက်ခံခြင်း၊ စမ်းသပ်ပေးခြင်းနှင့် ခွဲစိတ်ကုသပေးသွားမည့် အစီအစဉ်များကို လည်းကောင်း၊ ဆရာတော်ကြီး ကြွရောက်လာပါက အခမ်းအနားဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မျက်စိခွဲစပ်ကုသခံလူနာများအား ကျွေးမွေးဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေး အသင်းဝင်များက မျက်စိစမ်းသပ်ခွဲ စိတ်ကုသရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား မုန့်နှင့် ရေသန့်ဘူများကို လိုက်လံဝေငှ ကျွေးမွေးသည်။

အဆိုပါ စက္ကုဒါနအဖြစ်အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းကို မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီး၌ အောက်တိုဘာ ၁၆ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)