ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ






ကြံခင်း၊ အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ စိုက်ပျိုး စရိတ်များကို အတိုးနှုန်းသက်သာစွာဖြင့် ရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ  ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ထုတ်ချေးပေးလျက်ရှိ သည်။

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)(ကြံခင်း) မန်နေဂျာ ဒေါ်လွင်လွင်ဦးက တောင်သူ များအား နှစ်စဉ် အောက်တိုဘာလကုန်ရက်များတွင်သာ ဆောင်းသီးနှံစရိတ်ချေးငွေများ ထုတ်ချေးပေး လျက်ရှိပြီး ယခုနှစ်တွင် တောင်သူများအဆင်ပြေစေရန်အတွက် ဆောလျှင်စွာဖြင့် နိုင်ငံတော်ကထုတ် ချေးပေးခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်  ပုံစံ (၇) အမည်ပေါက်ရှိမှသာ ချေးငွေများကို ရရှိနိုင် မည်ဖြစ်ကာ ပုံစံ(၇) အမည်ပေါက်မရှိသူများအား ချေးငွေအကြံပေးအဖွဲ့ဖြင့် ပူးပေါင်း၍ ဆောင်ရွက် ပေးနိုင်ရေးကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံတင်ပြထားပါကြောင်း၊ သီးနှံထွက်ရှိ လာပါက သက်မှတ်ရက်များတွင် ပြန်လည်ပေးဆက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ချေးငွေများ စတင်ထုတ်ချေးရာတွင် ပထမနေ့၌ ရွာသစ်ရပ်ကွက်နှင့် ရွှေတောင်စုရပ်ကွက် တောင်သူ ၆၁ ဦးအား စိုက်ဧက ၂၈၇ အတွက် တစ်ဧက တစ်သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ် ငွေကျပ် ၂၈၇ သိန်းထုတ်ချေး ပေးလျက်ရှိပြီး၊ ဘဏ်ခွဲအနေဖြင့် ယခုနှစ်၊ ဆောင်းရာသီတွင် ကျေးရွာအုပ်စု ၂၄ အုပ်စု၊ တောင်သူ စုစုပေါင်း ၃၂၃၂ ဦး၊ နွေစပါးဧက ၅၀၉ ၊ ပဲနှင့်အခြားသီနှံ စိုက်ဧက ၁၆၆၄၈၊ စုစုပေါင်းဧက ၁၇၁၅၇ ဧက အတွက် ငွေကျပ် ၁၇၄၁၁.၅၀ သိန်း ထုတ်ချေးပေးသွားရန် လျာထားကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)