ကုလငြိမ်းချမ်းရေး တပ်တွေကို လစာမပေးနိုင်တော့လို့ လျှော့ချရတော့မယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလငြိမ်းချမ်းရေး တပ်တွေကို လစာမပေးနိုင်တော့လို့ လျှော့ချရတော့မယ်



အောက်တိုဘာ - ၉ ( ကြာသပတေးနေ့) 

အမေရိကန်နိုင်ငံရဲ့ ထည့်ဝင်ငွေရပ်ဆိုင်းလိုက်မှုကြောင့် ကုလသမဂ္ဂမှာ ရန်ပုံငွေပြတ်တောက်မှုဖြစ်ပေါ်လာပြီး ဘဏ္ဍာငွေချို့တဲ့မှုကြောင့် လာမည့်လများအတွင်းကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေထဲက လေးပုံတစ်ပုံခန့်ကို လျှော့ချရလိမ့်မယ်ဆိုတာကို ရလာတဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီ ရိုက်တာသတင်း ကဖော်ပြခဲ့ပါတယ်။  

အမည်မဖော်လိုသည့် ကုလသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦးက “ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ နဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းခန့်ကို နေရပ်ပြန်ပို့ရတော့မှာပါ။ ပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေမှာ လာထိခိုက်နိုင်သလို အရပ်သားဝန်ထမ်း အများအပြားကိုလည်း ထိခိုက်စေနိုင်မယ်” လို့ ပြောပါတယ်။ 

ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေက ၅ သောင်း ကျော်ရှိပြီး အဲ့ဒိထဲက ၁သောင်းကျော်ကို ထုတ်ပယ်မှာပါ။ ဆိုမာလီယာရှိ ကုလသမဂ္ဂ ထောက်ပံ့ရေးရုံးလည်း ပါသွားနိုင်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ဘတ်ဂျက်ကိုလည်း ယခုနှစ်တွင် ၁၅ ရာခိုင်နှုန်းခန့် ဖြတ်တောက်မယ်လို့ သိရပါတယ်။ 

တောင်ဆူဒန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ လက်ဘနွန်၊ ကိုဆိုဗို၊ ဆိုက်ပရပ်စ်၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ အနောက်ဆာဟာရ၊ ဂိုလန်ကုန်းမြင့်စစ်မဲ့ဇုန် နဲ့ အဘယီ တို့တွင် စစ်ဆင်ရေးများ ထိခိုက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက ပြောပါတယ်။  

အမေရိကန်၏ ငွေကြေးထောက်ပံ့မှု မသေချာမရေရာမှုသည် ကုလ၏ ဘဏ္ဍာရေးမသေချာမှု အဓိကအချက် ဖြစ်ပြီး၊ ကုလငြိမ်းချမ်းရေးထိန်းသိမ်းမှု ဘဏ္ဍာရေးဆိုင်ရာ မဖြစ်မနေလိုအပ်သောငွေ ၂၆ ရာခိုင်နှုန်းကျော်ကို အမေရိကန်ဘက်က ထေက်ပံ့နေရတာဖြစ်ပြီး ဇူလိုင် ၁ ရက်ဘဏ္ဍာရေးနှစ်သစ် မစတင်မီကပင် ကြွေးကျန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိနေတယ်လို့ သိရပါတယ်။ အမေရိကန်ပေးရန် ကျန်ရှိနေတဲ့ပမာဏက ယခုအခါ ဒေါ်လာ ၂.၈ ဘီလီယံကျော်သွားပြီလို့လည်း ဆိုပါတယ်။ တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂက အမေရိကန်ဆီက ဒေါ်လာ သန်း ၆၈၀ ရရန် မျှော်လင့်နေပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)