Pages

Pages

ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီ သံအမတ်ကြီးများအဆင့် အစည်းအဝေးသို့ မြန်မာသံအမတ်ကြီးတက်ရောက်



ကူဝိတ်၊ အောက်တိုဘာ ၁၃

အာဆီယံကော်မတီကူဝိတ် (ASEAN Committee Kuwait-ACK) အလှည့်ကျဥက္ကဌ ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး  Mrs. Lena Maryana ဦးဆောင်၍ အင်ဒိုနီးရှားသံရုံး၌ ၁၂-၁၀-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ACK သံအမတ်ကြီးအဆင့် အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် ကူဝိတ်အခြေစိုက်အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့သည်။ 

အစည်းအဝေးတွင် ကူဝိတ်နိုင်ငံ၌ အာဆီယံ၏ လှုပ်ရှားမှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ကူဝိတ်နိုင်ငံရှိ UN Habitat ရုံးနှင့် ACK တို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် လူမှုအကျိုးပြုဆိုင်ရာ အသိပညာပေးမှုလှုပ်ရှားမှုများ ဆောင်ရွက်ရန်ကိစ္စတို့ကို  ဆွေးနွေးခဲ့ကြသည်။ 


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق