ဘိုကလေးမြို့နယ်တွင် မဲစာရင်းများမှန်ကန်ရေး စိစစ်ဖြည့်သွင်းမှုအား တာဝန်ရှိသူများ ကြည့်ရှုူအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် မဲစာရင်းများမှန်ကန်ရေး စိစစ်ဖြည့်သွင်းမှုအား တာဝန်ရှိသူများ ကြည့်ရှုူအားပေး




ဘိုကလေး ၊  အောက်တိုဘာ ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲရုံပေါင်း(၂၆၅)ရုံဖွင့်လှစ်၍ ကျင်းပဆောင်ရွက်မည်ဖြစ်ပြီး ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာ(၃၀)ရက်နေ့မှ စတင်၍ ကြေညာထားရှိရာ ၎င်းမဲရုံ(၂၆၅)ရုံမှ မဲဆန္ဒရှင်များ၏ မဲစာရင်းဆိုင်ရာတောင်းဆိုမှုများ၊ ကန့်ကွက်မှုများ၊ အချက်အလက်ပြင်ဆင်လိုမှုများအား မဲစာရင်းမှန်ကန်ရေး စိစစ်ဖြည့်သွင်းမှုလုပ်ငန်းကို အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းမှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရုံးအဖွဲ့က ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မဲစာရင်းမှန်ကန်ရေး ဆောင်ရွက်စိစစ်ဖြည့်သွင်းခြင်းလုပ်ငန်းအား အောက်တိုဘာ ၁၄ ရက် နံနက်(၁၁)နာရီအချိန်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေး၊ မဲစာရင်းမှန်ကန်ရေးတို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့်အဖွဲ့ဝင်များ၊ ရုံးအဖွဲ့များထံ လိုအပ်သည့်လမ်းညွှန်မှုများအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မိုးစက် (ဘိုကလေး)

https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)