ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်












ပဲခူး၊ အောက်တိုဘာ ၅

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြတ်ဆရာသခင် ကန်တော့ပန်းဆင်”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထိုနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဗဟိုအဆင့် ဒုတိယရရှိသူနှင့် အထက်တန်းအဆင့် ပထမရရှိသူတို့အား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ကဗျာပြိုင်ပွဲ ဗဟိုအဆင့် တတိယဆု ရရှိသူနှင့် အထက်တန်းအဆင့် ပထမဆုရရှိသူတို့အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲဝင် ဝန်ကြီးတို့က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြု မှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

ယင်းနောက် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ပန်းကလေးများရဲ့ဥယျာဉ်မှူး” သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူများက “လမ်းပြကြယ်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့က ဖျော်ဖြေရေးကျောင်းသား/သူ များအား ဂုဏ်ပြုငွေပေးအပ်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး (ပဲခူး)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)