ဂရိမှာ တစ်နေ့တာ အလုပ်ချိန် ၁၃ နာရီ ကို လွှတ်တော်က ခွင့်ပြုလိုက်လို့ ဆန္ဒပြမှုတွေ ဖြစ်ပေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂရိမှာ တစ်နေ့တာ အလုပ်ချိန် ၁၃ နာရီ ကို လွှတ်တော်က ခွင့်ပြုလိုက်လို့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်


အောက်တိုဘာ - ၁၉ ( တနင်္ဂနွေနေ့ ) 

အချို့သောအခြေအနေများအောက်တွင် အလုပ်ရှင်များအနေနဲ့ အလုပ်သမားတွေကို တစ်နေ့တာ အလုပ်ချိန် ၁၃ နာရီအထိ သက်တမ်းတိုးခွင့်ပြုတယ်ဆိုပြီး  အစိုးရကို ကျောထောက်နောက်ခံပြု ပေးတဲ့ ပြုပြင်ပြောင်းလဲမှုကို ဂရိပါလီမန်က အတည်ပြုလိုက်ပါတယ်။  အဆိုပါ လှုပ်ရှားမှုကြောင့် လူနေမှုစရိတ် အကျပ်အတည်းနှင့် ရုန်းကန်နေရသော အလုပ်သမားများ အစုလိုက်အပြုံလိုက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရပါတယ်။ 

အစိုးရ အများစုမှ အတည်ပြုထားတဲ့  လက်ရှိ ဥပဒေက တစ်ရက် ရှစ်နာရီသာဖြစ်ပေမဲ့ ဂရိကတော့ သက်တမ်းတိုးလိုက်တာပဲ ဖြစ်ပါတယ်။ အတိုက်အခံများက အာဏာရပါတီအနေနဲ့ အလုပ်သမားအခွင့်အရေးများ ပျက်ပြားစေတယ်လို့ စွပ်စွဲခဲ့ပြီး  “တိုင်းပြည်ကို အလယ်ခေတ်သို့ ပြန်တွန်းပို့နေတယ်” လို့ ပြစ်တင်ဝေဖန်နေကြပါတယ်။ 

ဂရိနိုင်ငံက ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ပြီး အဖွဲ့ထဲမှာ အလုပ်ချိန်အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ ဥရောပမှာက အလုပ်သမားတွေက တစ်ပတ်ကို ၃၅ နာရီပဲ လုပ်ရပေမဲ့ ဂရိမှာကတော့ တစ်ပတ်ကို အနည်းဆုံး နာရီ ၄၀ အလုပ်လုပ်ရပါတယ်။ 

အစိုးရပိုင်းကတော့ အဲ့ဒိ ပြုပြင်ပြောင်းလဲမှုက အလုပ်သမားဥပဒေများကို ခေတ်မီအောင်လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပြီး အလုပ်ချိန်ပိုလာရင် ပိုတဲ့အချိန်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးမဲ့အပြင် အဲ့ဒိဥပဒေက ပုဂ္ဂလိကကဏ္ဍ မှာ အဓိက အကြုံးဝင်မှာ ပါလို့ ဆိုပါတယ်။ နောက်ပြီး တစ်ရက် ၁၃ နာရီ လုပ်ရမယ် ဆိုတာကလည်း တစ်နှစ်လုံး နေမှ ၃၇ ရက်ပဲ လုပ်ရမယ် လို့ ဆိုပါတယ်။ 

တာဝန်ရှိသူများက အဆိုပါ အပြောင်းအလဲက ဝန်ထမ်းများအား အချိန်ပိုင်းအလုပ်များစွာကို အကြိတ်အနယ် လုပ်မည့်အစား အလုပ်ရှင်တစ်ခုတည်းအတွက် အပိုအလုပ်များလုပ်ခွင့်ပြုထာတာဖြစ်တယ် လို့ ဆိုထားပါတယ်။ 

ဒါပေမဲ့ လုပ်ခလစာ တိုးမလာဘဲ လူနေမှုစရိတ်များ မြင့်တက်လာခြင်းဖြစ်နေတဲ့ ကြားထဲမှာ အခုလို ဥပဒေတွေ ထွက်လာတော့ အလုပ်သမားအခွင့်အရေးကို ထိခိုက်နစ်နာစေတယ်လို့  အလုပ်သမားသမဂ္ဂများက ပြစ်တင်ဝေဖန်နေပါတယ်။ အဲ့ဒါကြောင့် ယခုလအတွင်း အထွေထွေသပိတ်နှစ်ခုကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က နောက်ဆုံးလုပ်ခဲ့တာပါ။  


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)