ကျွန်းလှမြို့နယ်၌ ဆောင်းနေကြာ ဧက ၁၂၀၀ ကျော်လျာထားစိုက်ပျိုးမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်၌ ဆောင်းနေကြာ ဧက ၁၂၀၀ ကျော်လျာထားစိုက်ပျိုးမည်




ကျွန်းလှ  ၊ အောက်တိုဘာ ၂၄


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရန်၊ ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ချစေရန်အတွက် ယခုနှစ် ဆောင်းရာသီ၌ နေကြာဧက ၁၂၀၀ ကျော်လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


“ ကျွန်းလှမြို့နယ်မှာ ဒီနှစ်ဆောင်းရာသီ နေကြာစိုက်ပျိုးဖို့ ဧက ၁၂၀၀ ကျော်လျာထားပါတယ်။ နေကြာကို မိုးရာသီနဲ့ ဆောင်းရာသီမှာ စိုက်ပျိုးကြပြီး ဆောင်းရာသီမှာ အဓိကထားစိုက်ပျိုးကြပါတယ်။ စိုက်ပျိုးရာမှာ သီးသန့်စိုက်ပျိုးကြသလို လယ်ရိတ်သိမ်းပြီး သီးထပ်လည်းစိုက်ပျိုးကြပါတယ်။ နေကြာတိုးချဲ့စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။


အဆိုပါ နေကြာစိုက်ပျိုးကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲရေးနှင့် စိုက်ပျိုးရေးနည်းပညာများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာစိုက်ပျိုးရန် ၁၂၃၆ ဧကလျာထားကြောင်း၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ဆင်းရွှေကြာ-၂၊ ရေဆင်း-၁နှင့် ဒေသမျိုးများစိုက်ပျိုးကြောင်း သိရသည်။


မျိုးဝင်းညို ကျွန်းလှ

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)