ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအမံတွေကို ရုရှားထောက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်ရဲ့ ဂါဇာငြိမ်းချမ်းရေး အစီအမံတွေကို ရုရှားထောက်ခံ


အောက်တိုဘာ - ၉ ( ကြာသပတေးနေ့ ) 

ဂါဇာကမ်းမြောင်ဒေသ ငြိမ်းချမ်းရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အဆိုပြုသည့် အစီအစဉ်သည် လက်ရှိအချိန်တွင် သွေးထွက်သံယိုမှုကို ရပ်တန့်ရန် အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်က ပြောကြားခဲ့ ပါတယ်။ 

ပြီးခဲ့သောလက အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့တဲ့ အချက် ၂၀ ပါ အစီအစဉ်တွင် အပစ်အခတ်ရပ်စဲရေးနှင့် အစ္စရေးရှိ ပါလက်စတိုင်းအကျဉ်းသားများနဲ့ ဟားမတ်စ်တွေဖမ်းဆီးထားတဲ့ ဓားစာခံအားလုံးကို လဲလှယ်ပေးရန် တောင်းဆိုထားတာပါပါတယ်။ အစ္စရေးတပ်များ ဆုတ်ခွာပြီးနောက် ဂါဇာကမ်းမြောင်ဒေသကို “ညစ်ညမ်းသော၊ အကြမ်းဖက်ကင်းစင်သောဇုန်” အဖြစ် ပြောင်းလဲရန်လည်း မျှော်မှန်းထားပြီး ဟားမတ်စ်အဖွဲ့ကို အုပ်ချုပ်ရေး အဖွဲ့တွေမှ ဖယ်ထုတ်လိုက်ပါတယ်။ 

လာရော့ဗ်ရဲ့ အဆိုအရ ယင်းအဆိုပြုချက်သည် ပဋိပက္ခ၏ဗဟိုချက်ဖြစ်တဲ့ ဂါဇာကမ်းမြောင်ဒေသတွင်သာ တည်ရှိနေတဲ့ ပါလက်စတိုင်းနိုင်ငံတည်ဆောက်ရေး ပြဿနာကို ဘေးဖယ်ထားတာကြောင့် သင့်လျော်မှု မရှိသေးဘူးလို့ သိရပါတယ်။  

"ကျနောတို့က လက်တွေ့ဆန်သူတဲ့သူတွေပါ။ ထရမ့်ရဲ့ အစီအမံတွေက စားပွဲပေါ်မှာ လက်ရှိရှိနေတဲ့ ရွေးချယ်မှုတွေပါ။ အဲ့ဒိအစီအစဉ်တွေထဲမှာ လက်ခံနိုင်တဲ့ အရာတွေရှိသလို ၊ ဘက်ပေါင်းစုံက လုံးလုံးလျားလျား ငြင်းပယ်နိုင်တဲ့ ဆင်ခြင်တုံ့တရားနဲ့ ပတ်သက်တဲ့ အပေးအယူတစ်ခုလည်း ဖြစ်နိုင်ပါတယ်” လို့ပြောသွားပါတယ်။ 

“ပါလက်စတိုင်းတွေက လက်ခံမယ်ဆိုရင် ဒီအစီအစဉ်ဟာ လက်တွေ့ကျပါတယ်” လို့ လာရော့ဗ်က ပြောကြားခဲ့ပါတယ်။  မော်စကိုအစိုးရ အနေနဲ့ကတော့ တူရကီ၊ အီဂျစ်၊ ကာတာ၊ အမေရိကန်နဲ့ အစ္စရေး တို့က စေ့စပ်ညှိနှိုင်းရေးမှူးများသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လက်ရှိဆွေးနွေးနေသည့် ကိစ္စရပ်အတွက် ကံကောင်းပါစေကြောင်း ပြောကြားခဲ့ပါတယ်။ 

ရုရှားကတော့ လိုအပ်တဲ့ လုပ်ငန်းစဉ်များတွင် မည်သည့်အကူအညီကိုမဆို ပံ့ပိုးပေးရန် အသင့်ရှိကြောင်း နဲ့  မော်စကိုသည် ပါလက်စတိုင်းနိုင်ငံကို တည်ထောင်ရာတွင်လည်း ကူညီပေးနိုင်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ "အခု အရေးကြီးဆုံးက သွေးထွက်သံယိုမှုကို ရပ်တန့်ဖို့ပါပဲ။ အဲဒီသဘောအရ Trump ရဲ့ အစီအစဉ်ဟာ မျှော်လင့်ချက်ကို ပေးစွမ်းပါတယ်" လို့ ဆိုပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)