သမ္မတကတော် မီလန်နီယာ ထရမ့်နဲ့ ပူတင်တို့က ဖုန်းအဆက်အသွယ် အမြဲရှိတယ်လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

သမ္မတကတော် မီလန်နီယာ ထရမ့်နဲ့ ပူတင်တို့က ဖုန်းအဆက်အသွယ် အမြဲရှိတယ်လို့ ဆို


အောက်တိုဘာ - ၁၁ ( စနေနေ့ ) 

အမေရိကန် သမ္မတကတော် မီလန်နီယာထရမ့် သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ လအတော်ကြာ တိုက်ရိုက် ဆက်သွယ်ပြောဆိုမှုတွေ ရှိခဲ့ပြီး သံတမန်ရေးရာကိစ္စနောက်ကွယ်က ဖြစ်ရပ်တွေနဲ့  ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာသွားသော ယူကရိန်းကလေးများ ၎င်းတို့ရဲ့မိသားစုများနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် လုပ်ငန်းစဉ်တွေအတွက် ဆွေးနွေးနေခဲ့ကြောင်း  ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

၂၀၂၂ခုနှစ် ယူကရိန်းပဋိပက္ခ  ပြင်းထန်လာချိန်မှာ မော်စကိုအစိုးရက  ကလေးများအား စစ်ပွဲဇုန်တွေကနေ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အဲ့လိုကလေးတွေကို စစ်ပွဲဇုံထဲကနေ ဖယ်ရှားပေးတာကို ယူကရိန်းက ပြန်ပေးဆွဲတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ မနေ့ကလည်း သမ္မတကတော်က ပူတင်ထံ စာတစ်စောင်ပေးပို့ပြီး စစ်ဘေးရှောင်ကလေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်နေပါသေးတယ်။ ကလေးတွေ သက်သာချောင်ချိရေး လမ်းကြောင်းကို ဆက်ထိန်းထားပေးဖို့ နဲ့ မိသားစုတွေနဲ့ ပြန်ပေါင်းစည်းပေးနိုင်အောင် လုပ်ဆောင်ပေးလို့ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

သမ္မတကတော်၏ အဆိုအရ နှစ်ဖက်စလုံးသည် လွန်ခဲ့သည့်သုံးလအတွင်း “သစ္စာရှိစွာဖြင့်” ခေါ်ဆိုမှုများ အများအပြားလုပ်ခဲပြီး နှစ်ဖက်စလုံးမှ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲများကြောင့် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်း ကလေးရှစ်ဦးကို ၎င်းတို့ရဲ့ မိသားစုများနှင့် ပြန်လည်ပေါင်းစည်းနိုင်စေခဲ့တယ်လို့လည်း  သူမက ပြောကြားခဲ့ပါတယ်။ 

ပဋိပက္ခကြောင့် “ကလေးတိုင်းဟာ ကမောက်ကမ ဖြစ်နေကြရတယ်” လို့ သူမက ဆိုပါတယ်။ အခုနောက်ဆုံး ကလေး ၈ ဦးက ရှေ့တန်းတိုက်ပွဲတွေကြောင့် မိဘများနှင့် ကွဲကွာခဲ့ရပြီး သုံးဦးမှာ ရုရှားနိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ပြီး ကျန်ငါးဦးမှာ နယ်စပ်ဖြတ်ကျော် ဆွေမျိုးများနှင့် ကွဲသွားခဲ့ပါတယ်။  အဲဒီအထဲမှာ “ယူကရိန်းကနေ ရုရှားကို ထွက်သွားရတဲ့ မိန်းကလေးက အခု မိသားစုနဲ့ ပြန်တွေ့နေပါပြီ” လို့ သူမက ဆိုပါတယ်။ 

ပြန်လည်ပေါင်းစည်းရေး လွယ်ကူချောမွေ့စေရန် သူမရဲ့ ကိုယ်စားလှယ်တွေက ပူတင်ရဲ့အဖွဲ့ နဲ့ တိုက်ရိုက် အလုပ်လုပ်နေပြီး ရုရှားက ကလေးတွေရဲ့ ကိုယ်ရေးအချက်အလက်များ၊ ဓာတ်ပုံများနှင့် စောင့်ရှောက်မှုဆိုင်ရာ အစီရင်ခံစာများ အပါအဝင် စာရွက်စာတမ်းများကို ပံ့ပိုးပေးထားကြောင်း သမ္မတထရမ့် က ပြောကြားခဲ့ပါတယ်။ “အမေရိကန် အစိုးရပိုင်းက ဒီစာတမ်းမှာပါတဲ့ အချက်အလက်တွေဟာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်”လို့ လည်း သူမက ပြောပါတယ်။  


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)