အိန္ဒိယက ကမ္ဘာ့စီပွားရေးမှာ အဓိကနေရာမှာ ပါလာပြီ လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယက ကမ္ဘာ့စီပွားရေးမှာ အဓိကနေရာမှာ ပါလာပြီ လို့ ဆို


အောက်တိုဘာ - ၁၅ ( ဗုဒ္ဓဟူးနေ့ ) 

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ မန်နေဂျင်းဒါရိုက်တာ ခရစ်တယ်လီနား ဂျော်ဂီဗာ က အိန္ဒိယနိုင်ငံသည် ကမ္ဘာ့စီးပွားရေးတွင် အဓိကတိုးတက်မှုအင်ဂျင်တစ်လုံး ဖြစ်လာနေပြီ လို့ ဆိုသွားပါတယ်။ 

တနင်္လာနေ့ကပြုလုပ်တဲ့ ကမ္ဘာ့ဘဏ္ဍာရေးအဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးများ ရဲ့ နှစ်ဝက် အစည်းအဝေးမှာ သူမက အဆိုပါမှတ်ချက်များကို ပြောကြားခဲ့ကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားပါတယ်။ 

“အိန္ဒိယဟာ စီးပွားရေးတိုးတက်မှုမှာ အဓိက အင်ဂျင်ဖြစ်လာနေသလို တရုတ်ကလည်း အရှိန်အဟုန်နဲ့ လိုက် မြှင့်နေတာကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုပုံစံတွေက နှစ်တွေကြာလာတာနဲ့အမျှ ပြောင်းလဲလာနေပါတယ်” လို့ ဆိုပါတယ်။  အိန္ဒိယရဲ့ တိုင်းပြည်ဝင်ငွေ GDP လာမယ့်နှစ်မှာ ၆.၅ % တက်လာမယ်လို့  IMF က ခန့်မှန်းထားပါတယ်။ 

တိုက်ရိုက်နှင့် သွယ်ဝိုက်အခွန်ဥပဒေများ ပြန်လည်ပြင်ဆင်ခြင်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးခြင်းနှင့် ဒစ်ဂျစ်တယ်လူမှုရေးဆိုင်ရာ ဝိသေသလက္ခဏာမူဘောင်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ခြင်းတို့ အပါအဝင် "ရဲရင့်သော စီးပွားရေးနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ" အတွက် IMF အကြီးအကဲက အိန္ဒိယကို ချီးမွမ်းခဲ့ပါတယ်။ 

အမေရိကန်ရဲ့ စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းနှင့် အိန္ဒိယရဲ့ နှစ်စဉ်ပွဲတော်ရာသီမတိုင်မီ စားသုံးမှုတွက် ပြည်တွင်းထွက်ကုန်ပစ္စည်းများအပေါ် အစိုးရက အခွန်လျှော့ပေါ့ပေးနိုင်ခြင်းက စီးပွားရေး တိုးတက်ဖို့ တွန်းအားတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကိုလျှော့ချနိုင်ခြင်း အမေရိကန်တွေရဲ့ အခွန်ကောက်ခံမှုနှုန်း တိုးမြှင့်လိုက်တာကို ရင်ဆိုင်နိုင်ဖို့ ဖြစ်သွားနိုင်သလို အကျိုးသက်ရောက်မှုဘယ်လောက်ဖြစ်သွားမလဲ ဆိုတာက ခန့်မှန်းလို့မရနိုင်ဘူးလို့ ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)