မကွေးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


မကွေး၊ အောက်တိုဘာ ၁၄

အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်း‌ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အချိန်ကာလမှာ ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာပြီး ၎င်းရဲ့အကျိုးဆက် အနေဖြင့် သဘာဝဘေးအန္တရာယ်များကို ကမ္ဘာတစ်ဝှမ်းလုံး ကြုံတွေ့ခံစားနေကြရတာဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလိုရာသီဥတုဖြစ်စဉ်ဖောက်ပြန်မှုတွေကြောင့် မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာတာကိုလည်း သိသာထင်ရှားစွာတွေ့မြင်ကြရမှာဖြစ်ပြီး တောမီးလောင်ခြင်း၊ မုန်တိုင်းဘေး၊ ရေဘေး၊ငလျင်ဘေး၊ မြေပြိုဘေးစတဲ့ဘေးတွေကို နိုင်ငံအတော်များများမှာ ကြုံတွေ့နေရကြောင်း၊ နိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်သတိပေးစနစ်များ၊ သတင်းအချက်အလက်များ၊ အကဲဖြတ်မှုများကို လူတိုင်းရယူအသုံးချနိုင်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကြိုတင်သတိပေးထုတ်ပြန်ချက်များနှင့် အရေးပေါ်တုံ့ပြန်မည့် အစီအမံများကို ပြည်သူများအားလုံး စောလျင်စွာ သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက မီဒီယာနည်းလမ်းများဖြင့် စနစ်တကျဆောင်ရွက်ပေးပြီး ပြည်သူ တစ်ရပ်လုံး တက်ကြွစွာပါဝင်မှုဖြင့် ဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။  

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏သဝဏ်လွှာ သတင်းစကားရုပ်သံ (VideoMessage) ပြသခြင်း၊ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြသခြင်း၊ ငလျင်ဘေးအသိပညာပေး ဗီဒီယိုပြသခြင်း Video Message အား ပြသခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။


မောင်ခိုင်မင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)