မွန်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနှင့် ဆပ်ကပ်လှူဒါန်းပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုအသင်း ဩဝါဒခံယူပွဲအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနှင့် ဆပ်ကပ်လှူဒါန်းပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုအသင်း ဩဝါဒခံယူပွဲအခမ်းအနား တက်ရောက်



မော်လမြိုင်  ၊ အောက်တိုဘာ ၂၃


မွန်ပြည်နယ်၊ ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံချို့ယွင်းခြင်းများကို ပြည်သူ့ကျန်းမာရးပြဿနာတစ်ခုအဖြစ် သိရှိနားလည်ပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ နှီးနွယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုအားလုံးပူးပေါင်းပါဝင်၍ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မျက်စိအထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်/သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဌာနတွင် မျက်စိခွဲစိတ်မည့်ဝေဒနာရှင်များ၊ မျက်စိစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်ပေးနေမှုအပေါ် လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနှင့် ဆပ်ကပ်လှူဒါန်းပွဲ သွားရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်ကိုယ်စားပြု ရာမညရက်ကန်းစင်တော်အသင်းအား ဩဝါဒခံယူခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ ဦးစွာ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်များက တစ်ဦးချင်းမိတ်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တန်ဆောင်မုန်းလပြည့်ညမှာ မသိုးသင်္ကန်းရက်လုပ်ပြီး မြတ်စွာဘုရားအား လှူဒါန်းပူဇော်ခဲ့ရာ "မသိုးသင်္ကန်းရက်လှူပွဲ" ကို မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ခုအဖြစ် နှစ်ပေါင်းများစွာ အစဉ်အမြဲ ကျင်းပလာသည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ခြင်းပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းအနေဖြင့် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အသင်းသားများအားလုံးကလည်း တက်ညီလက်ညီ ကြိုးစားယှဉ်ပြိုင်ကာ ပထမဆုဖလားရရှိအောင် အကောင်းဆုံးစွမ်းဆောင် ကြိုးပမ်းပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနှင့် ဆပ်ကပ်လှူဒါန်းပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းသားများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


စည်သူ 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)