ပြင်သစ်ဂျီဟတ်ဝါဒီတွေကို ဆီရီးယား အစိုးရသစ်က တိုက်ခိုက်နေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်သစ်ဂျီဟတ်ဝါဒီတွေကို ဆီရီးယား အစိုးရသစ်က တိုက်ခိုက်နေပြီ


အောက်တိုဘာ - ၂၃ ( ကြာသပတေးနေ့ ) 

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အိုင်ဒလစ်ပြည်နယ်တွင် ကျန်ရှိနေသေးတဲ့ ပြည်ပနိုင်ငံခြား ဂျီဟတ်ဝါဒီ တပ်ဖွဲ့များကို ပစ်မှတ်ထားတဲ့ ကြီးမားသော စစ်ရေးလှုပ်ရှားမှုတစ်ရပ်ကို ဆီးရီးယားအာဏာပိုင်များက စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အဲ့ဒိတိုက်ခိုက်မှုတွေက ပြင်သစ်စစ်သွေးကြွများကို ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။  အရင်ကတော့ သမ္မတဟောင်း ဘာရှာအာဆက်ကို ဖြုတ်ချဖို့အတွက် အဲ့ဒိဂျီဟတ်အဖွဲ့တွေရဲ့ အားကိုသုံးခဲ့ပြီးနောက်မှာတော့ လက်ရှိအာဏာရလာတဲ့ အစိုးရက အဲ့ဒိအဖွဲ့တွေကို လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်နေတယ် ဆိုပြီး အစိုးရသစ်က ကြေညာထားပါတယ်။ 

ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (SOHR) ရဲ့အဆိုအရ ဆီးရီးယား အနောက်ပိုင်း ပြည်နယ် အိုင်ဒ်လစ်အနောက်ပိုင်းက ဟာရမ် မြို့ရှိ "ပြင်သစ်စခန်း" ကို အစိုးရတပ်ဖွဲ့များက ဝင်ရောက်စီးနင်းကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုတွင် အသေအပျောက်ရှိတယ်လို့ ဆိုပေမဲ့ အတိအကျ မသိရသေးပါဘူး။ အစိုးရစစ်တပ်က အနည်းဆုံး ဂျီဟတ် နှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲ့ဒိစခန်းကို ဆီနီဂေါနွယ်ဖွား ပြင်သစ်နိုင်ငံသား အိုမာအွမ်ဆန် ဦးဆောင်ပြီး နိုင်ငံခြား တိုက်ခိုက်ရေးသမားများနဲ့ ဖွဲ့စည်းထားကြောင်း အာဏာပိုင်များရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

အွမ်ဆန်ကို ဖမ်းဆီးပြီး ဧရိယာအတွင်း အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း ဆီးရီးယား အထွေထွေလုံခြုံရေးဝန်ဆောင်မှုက ပြောကြားခဲ့ပါတယ်။ ဂျီဟတ်ဝါဒီများနဲ့ ဆက်နွှယ်နေတဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုမှာ အွမ်ဆန်က “ဆီးရီးယားရှိ နိုင်ငံခြားစစ်သွေးကြွအားလုံးကို ချေမှုန်းရန်အတွက် အစိုးရက အမေရိကန်အပါအဝင် နိုင်ငံတကာညွန့်ပေါင်းအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်” လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဝါရှင်တန်ပို့စ် သတင်းဌာနကလည်း လက်ရှိအာဏာရ ယာယီသမ္မတ အာမက်အယ်လ်ရှာရာက သူ့အတွက် ရှေ့လမှာ သမ္မတဖြစ်လာနိုင်တဲ့ အခွင့်အရေးကို ဖန်တီးပေးခဲ့တဲ့ တပ်ဖွဲ့တွေရဲ့ခြိမ်းခြောက်မှုကိုပြန်ပြီး ခံနေရတယ် လို့ ဖော်ပြခဲ့ပါတယ်။ လက်ရှိ ဒမက်စကတ်အစိုးရက သမ္မတဟောင်း ဘာရှာအာဆက် ခံလိုက်ရသလိုမျိုး  ဂျီဟတ်တွေရဲ့ အမျက်ဒေါသ ခြိမ်းခြောက်မှု အောက်ကို ပြန်ရောက်သွားပါပြီလို့ ဆိုပါတယ်။ 


REF: RT  

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)