ကာရစ်ဘီယံ ပင်လယ်ထဲမှာ စစ်ဖြစ်အောင် အမေရိကန်က လုပ်နေတယ်လို့ ကိုလံဘီယာ သမ္မတ စွပ်စွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကာရစ်ဘီယံ ပင်လယ်ထဲမှာ စစ်ဖြစ်အောင် အမေရိကန်က လုပ်နေတယ်လို့ ကိုလံဘီယာ သမ္မတ စွပ်စွဲ


အောက်တိုဘာ - ၁၀ ( သောကြာနေ့ ) 

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ကာရစ်ဘီယံပင်လယ်ထဲမှာ အမေရိကန်ရေတပ်က မှောင်ခိုသင်္ဘောလို့ ယူဆရတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုလုပ်လို့ ကိုလံဘီယာနိုင်ငံသားတွေ သေဆုံးမှုဖြစ်ခဲ့ပါတယ်။ နောက်ဆုံး တိုက်ခိုက်မှုက ဗင်နီဇွဲလား ကမ်းလွန်မှာဖြစ်ခဲ့ပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး  ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပီထရိုက အမေရိကန်က စစ်ဖြစ်ဖို့ အစဆွဲထုတ်နေတယ်လို့ ပြောလိုက်ပါတယ်။ 

ပီထရိုရဲ့ ဗုဒ္ဓဟူးနေ့ ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုမှာ  အမေရိကန်တွေရဲ့ကမ်ပိန်းက မူးယစ်ဆေးဝါး နဲ့  ပတ်သက်တာမဟုတ်ဘဲ ဒေသတွင်းရှိ အခြားအရင်းအမြစ်များကြောင့်သာဖြစ်တယ်လို့ ရေးတင်ခဲ့ပါတယ်။ အိမ်ဖြူတော်က အဆိုပါစွပ်စွဲချက်ကို “အခြေအမြစ်မရှိဘူး” လို့ ဆိုပါတယ်။ 

အမေရိကန်သည် ဗင်နီဇွဲလားအနီးရှိ မူးယစ်ဆေးဝါးမှောင်ခိုကူးသည့် သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ကာရေဘီယံတွင် မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းရောင်းဝယ်မှုကို တားဆီးရန် ကြိုးပမ်းနေတာပါလို့ ဆိုထာပါတယ်။ ဝါရှင်တန်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုအား မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ဆက်နွှယ်နေတယ်လို့  ကာလရှည်ကြာ စွပ်စွဲထားပါတယ်။ မာဒူရိုက အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေက ၎င်းအား ရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

မကြာသေးမီရက်သတ္တပတ်များအတွင်းက ဗင်နီဇွဲလားကမ်းလွန်တွင် မူးယစ်ဆေးဝါးများ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ သင်္ဘော ၄ စင်းထက်မနည်း နှစ်မြုပ်ခံခဲ့ရပြီး လူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

“နောက်ဆုံး ဗုံးကြဲခဲ့တဲ့ လှေက ကိုလံဘီယာသင်္ဘောဖြစ်ပြီး ကိုလံဘီယာနိုင်ငံသားတွေ သင်္ဘောပေါ်မှာ ပါပါတယ်။ ဗုံးကြဲခံလိုက်ရတယ်။ အားလုံး သေဆုံးသွားခဲ့ရတယ်။ ကျနော်ပြောချင်တာက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုတာ မရှိပါဘူး။ မူးယစ်ဆေးဝါးကြောင့် ဖြစ်တဲ့ စစ်ပွဲ ဆိုတာလည်း မရှိပါဘူး။ ခင်ဗျားတို့လုပ်နေတဲ့ ရေနံနဲ့ ပတ်သက်ပြီးတော့သာ စစ်ပွဲတွေရှိနေတာပါ” လို့ ရေးတင်ခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)