ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး



ရန်ကုန်၊ အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့ညနေပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားရှိမှုနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းများ လာရောက်ကြည့်ရှုမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် အလုံ မြို့နယ်အတွင်းရှိ ကရင်ခြံရပ်ကွက်နှင့် ဂဠုန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်ပြီး  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များ၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို လာရောက်ကြည့်ရှုကြသည့် မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် စိစစ်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဲဆန္ဒရှင်များ၏ ပုံစံ(၃)ဖြင့် လျှောက်ထားမှုများကို ဥပဒေနှင့်အညီ  မဲစာရင်းတွင် အချိန်မီ ဖြည့်သွင်း ပေးနိုင်ရန်၊ ရွေးကောက်ပွဲ ဥပဒေအရ မဲစာရင်းတွင် မပါဝင်သင့်သူများ၊ သေဆုံးသူများအား ပုံစံ(၄) ဖြင့်  ပယ်ဖျက်ပြီး မဲစာရင်းတွင် မပါရှိစေရေး ဆောင်ရွက်ရန်၊ အချက်အလက် မှားယွင်းမှုများရှိပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်နိုင်ရေး အလေးထားဆောင်ရွက်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန်  မှာကြားသည်။

အဆိုပါ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၀)ရက်နေ့အထိ ကပ်ထားကြေညာမည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်းများအား ပြည်သူများလာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)