မြစ်ကြီနားမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်ကြီနားမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်




မြစ်ကြီးနား  ၊ အောက်တိုဘာ ၂၃


ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ရှိ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းရှိ နိုင်ငံရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ပေးကြပြီး မြစ်ကြီးနားမြို့ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်က အမှာစကားပြောကြားသည်။


ဆက်လက်၍ ပွဲတော်အတွက် လူထုအခြေပြုဗဟိုဌာန(မြစ်ကြီးနား)တွင် ကျင်းပခဲ့သည့် ကျပန်းနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား/‌ကျောင်းသူလေးများက ပြိုင်ပွဲဝင်ပုံစံဖြင့် သရုပ်ပြသခဲ့ကြကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်၍ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများနှင့်အတူ စာရေးဆရာနန္ဒ၏ ငါ့ဓား၊ ငါ့သွေး၊ ငါ့ဧရာဝတီ စာအုပ်ဖြင့် အမြဲမပြတ်လေ့လာသင်ယူရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်မာလာဝင်းက အဆိုပါ‌ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်၊ စာစောင်များကို လှူဒါန်းပေးပြီး ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် လူငယ်များအတွက် ကျင်းပပေးခဲ့သော ကာယဉာဏစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ထက်၊ လယ်၊ မူအဆင့် ကျပန်းစကားပြော၊ စာစီစာကုံးနှင့် ပုံပြင်ပြောပြိုင်ပွဲများ တွင် ဆုရရှိခဲ့ကြသူများနှင့် စာဖတ်ဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့်‌ ကျောင်းသား/‌‌‌ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ သရုပ်ပြအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ကျောင်းခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ပြသထားသည့် လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်းနှင့် သုတ/ ရသစာအုပ်စာစောင်ပြခန်းများကို တက်ရောက်လာသူများနှင့် ကျောင်းသား/ကျောင်းသူလေးများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)