တန့်ယန်းမြို့နယ်တွင် သံဃာ့ဆေးကုသဆောင်သစ်ဖွင့်ပွဲနှင့် လှူဒါန်းရေစက်ချပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် သံဃာ့ဆေးကုသဆောင်သစ်ဖွင့်ပွဲနှင့် လှူဒါန်းရေစက်ချပွဲ အခမ်းအနားကျင်းပ


တန့်ယန်း၊ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စုပေါင်းအလှူရှင်များမှ ဆောက်လုပ်လှူဒါန်းခဲ့သော သံဃာ့ဆေးကုသဆောင် နှစ်ထပ် ဆောင်သစ်ဖွင့်ပွဲနှင့် လှူဒါန်းရေစက်ချပွဲ အခမ်းအနားကို ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

သံဃာ့ဆေးကုသဆောင်သစ်အား တောင်တန်းသာသနာပြု ဆရာတော် အဂ္ဂမဟာကမ္မာဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ၊ ကိုင်းကုန်းပရိယတ္တိ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ၊ မြို့နယ်သံဃ နာယက ဥက္ကဋ္ဌ ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောလိယနှင့် ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ယင်းနောက် လှူဒါန်းရေစက်ချပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တောင်တန်းသာသနာပြု ဆရာတော် အဂ္ဂမဟာကမ္မာဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ ထံမှ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် အလှူရှင်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ သံဃာ့ဆေးကုသဆောင်သစ်အား ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စုပေါင်းအလှူရှင် စေတနာရှင်များမှ စုစုပေါင်း ကျပ်သိန်း (၄၆၇၆၈၅၁၀၀) အကုန်အကျခံကာ  ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                                


မင်းလွင်ဦး(တန့်ယန်း)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)