Pages

Pages

မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဆက်လက်ထုတ်ပြန်ကြေညာထားရှိရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိ





မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအတွက် မဲ ဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ နေ့နံနက်မှစ၍  ရပ်ကွက် (၁၉)ခုရှိ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆက်လက် ကပ်ထားကြေညာထားလျက် ရှိရာ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက် (၁၉) ရပ်ကွက်ရှိ မဲရုံ (၁၄၀)  ရုံရှိကြောင်းနှင့် မဲစာရင်းများကို ၃၀-၉-၂၀၂၅ ရက်နေ့မှ အောက် တိုဘာ ၂၀ ရက်နေ့ထိ ကပ်ထား ဆောင်ရွက်လျက်ရှိရာ မဲစာရင်းများပြည့်စုံမှန်ကန်စေရန်နှင့်မဲဆန္ဒရှင်များက လိုအပ်သည့်တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာတွင် အချိန်ပိုမိုရရှိစေရန်အတွက် ပြည် ထောင်စုရွေးကောက်ပွဲကော်ရှင်မှ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်ထုတ်ပြန်ထားရှိပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှုး ရုံးတွင်  လာရောက်လျှောက်ထားနိုင်ကြောင်းသိရသည် ။  မြောက်ဥက္ကလာပမြို့နယ်အတွင်းမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူစုစုပေါင်း (၁၇၈၀၉၂) ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ 


သက်လွင်စိုး

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق