ဟားမတ်စ်တွေက ဓားစားခံ အလောင်းတွေ အကုန်ပြန်မပို့လို့ အစ္စရေး အကူအညီလမ်းကြောင်းကို ပြန်ပိတ်လိုက်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟားမတ်စ်တွေက ဓားစားခံ အလောင်းတွေ အကုန်ပြန်မပို့လို့ အစ္စရေး အကူအညီလမ်းကြောင်းကို ပြန်ပိတ်လိုက်ပြီ



အောက်တိုဘာ - ၁၆ ( ကြာသပတေးနေ့ ) 

ဟားမတ်စ်တွေက အသက်ရှင်နေတဲ့ အစ္စရေး ဓားစာခံ အယောက် ၂၀ အားလုံးကို လွှဲပြောင်းပေးခဲ့ပြီး ဂါဇာတွင် စစ်ပွဲ အဆုံးသတ်ရန် နဲ့  အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အသက်ဝင်လာစေပေမဲ့ အစ္စရေးက ဟားမတ်စ် ဖမ်ဆီးသွားလို့ သေဆုံးသွားတဲ့ ဓားစာခံ ၂၈ လောင်းရှိရာ ၄ လောင်းပဲ ပြန်ပေးခဲ့တဲ့အတွက် အီဂျစ်နိုင်ငံဘက်ကနေ ဂါဇာဒေသရဲ့ ရာဖာမြို့ကို ဝင်လာတဲ့ ပါလက်စတိုင်း ထောက်ပံ့ရေး ယာဉ်တန်းတွေကို အဝင်မခံဘဲ လမ်းပိတ်လိုက်ပါတယ်။

ပြဿနာက သေဆုံးသွားသော ဓားစာခံအားလုံး၏ ရုပ်ကြွင်းများကို ဟားမတ်စ်က ပြန်လည်ပေးအပ်ရန် သဘောတူညီခဲ့ပေမဲ့ လုပ်ငန်းစဉ်ပြီးဆုံးရန် အချိန်သတ်မှတ်ထားခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။ ဟားမတ်စ်ရဲ့ ကတိကဝတ် ထိန်းထားရန် ပျက်ကွက်မှုကို မကျေနပ်တဲ့ သေဆုံးသူ ဓားစာခံများရဲ့ မိသားစုများက ဒေါသထွက်လာပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှ နုတ်ထွက်ရန် အစ္စရေးကို တောင်းဆိုလာနေပါတယ်။ 

အင်္ဂါနေ့ပြုလုပ်တဲ့ ဓားစာခံများနဲ့ ပျောက်ဆုံးနေသော မိသားစုများဖိုရမ်တွင် အမေရိကန် အထူးသံတမန် စတိဝစ်ကော့ဖ် ထံ စာရေးပြီး သေဆုံးသွားသော ဓားစာခံ ၂၄ ဦးကို ပြန်ပေးရန်အတွက် ကြားဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းထားပါတယ်။ စာထဲမှာ “သေဆုံးသွားတဲ့ ဓားစာခံလေးဦးသာ ဒီနေ့ အိမ်ပြန်လာတယ်။ မိသားစုလေးစုကသာ သူတို့ချစ်ရတဲ့သူတွေကို ထိုက်တန်တဲ့ ဂုဏ်သိက္ခာရှိတဲ့ သင်္ချိုင်းဆီ ခေါ်ဆောင်သွားနိုင်ခဲ့တယ်။ အခြားမိသားစုတွေအတွက်ရော ဘယ်လိုလုပ်ပေး နိုင်သလဲ” ဆိုပြီး ရေးပို့ပေးခဲ့ပါတယ်။ 


REF: Indian express

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)