မိတ္ထီလာမြို့၌ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းလှည့်လည်ဒေသစာရီ ပူဇော်ခံပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့၌ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းလှည့်လည်ဒေသစာရီ ပူဇော်ခံပွဲကျင်းပ




မိတ္ထီလာ ၊  အောက်တိုဘာ ၂၁


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် ဝမ်းတော်ပြည့်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူသည့် နှစ်ကျိပ်ရှစ်ဆူဘုရား မြို့တွင်း ဒေသစာရီလှည့်လည်ပူဇော်ခံပွဲကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ဒေစာရီလှည့်လည်အပူဇော်ခံရာတွင် တပ်နယ်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ မြို့နယ်ပေါ်ရပ်ကွက်များနှင့် သင်တန်းကျောင်းများတွင် သီတင်းကျွတ်လဆန်း ၁၁ ရက်နေ့မှစတင်၍ ယာယီသီတင်းသုံးခဲ့ရာမှ အမြဲကိန်းဝပ်သီတင်းသုံးရာ ဝမ်းတော်ပြည့်ကျောင်းတိုက်သို့ ယမန်နေ့ သီတင်းကျွတ်လကွယ်နေ့တွင် အဆိုပါနှစ်ကျိပ်ရှစ်ဆူဘုရားများအား ပြန်လည်ပင့်ဆောင်လျက် မြို့တွင်းဒေသစာရီလှည့်လည်အပူဇော်ခံခြင်း ဖြစ်သည်။

မြို့တွင်းသို့ လှည့်လည်အပူဇော်ခံရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုရပ်မှ ပေါက်ချောင်းဈေးရှေ့လမ်း၊ ပေါက်ချောင်းဈေးရှေ့လမ်းမှ ပညာရေးကောလိပ်ရှေ့၊ ပညာရေးကောလိပ်ရှေ့မှ ဗဟိုပို့ဆက်သင်တန်းကျောင်း၊ ဗဟိုပို့ဆက်သင်တန်းကျောင်းမှ ကုန်းလမ်းပို့ဆောင်ရေးဝန်းအတွင်း၊ ကုန်းလမ်းပို့ဆောင်ရေးဝန်းအတွင်းမှ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ ကန်ကူးတံတား၊ ကန်ကူးတံတားမှ အဆင့်ဆင့်မြို့ လှည့်လည်အပူဇော်ခံပြီး ပြည်သာယာ(၁)လမ်းမှတစ်ဆင့် ဝမ်းတော်ပြည့်ကျောင်းတိုက်သို့ ပင့်ဆောင်ရာ အဆိုပါလမ်းတလျှောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများက ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။


ချမ်းသာ

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)