ဆွစ်ဇာလန်က ယူကရိန်းစစ်ဘေးရှောင်တွေကို တိုင်းပြည်ထဲက နှင်ထုတ်နေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွစ်ဇာလန်က ယူကရိန်းစစ်ဘေးရှောင်တွေကို တိုင်းပြည်ထဲက နှင်ထုတ်နေပြီ


အောက်တိုဘာ - ၁၀ ( သောကြာနေ့) 

ဆွစ်ဇာလန်နိုင်ငံမှာ လွှတ်တော်အမတ်တွေရဲ့ ဖိအားပေးမှုကြောင့် ယူကရိန်း စစ်ဘေးရှောင်တွေရဲ့ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံမှုတွေကို ရုပ်သိမ်းကာ နေရင်းဒေသကို ပြန်လွှတ်နေပါတယ်။ ယူကရိန်းရဲ့ရှေ့တန်းဒေသက လူတွေက လွဲပြီး ယူကရိန်း နောက်ပိုင်းဒေသကလူတွေကို ခိုလှုံခွင့်ဆက်မပေးနိုင်တော့ဘူးလို့ အစိုးရပိုင်းက ဆိုပါတယ်။ 

ရှေ့တန်းနှင့် နီးကပ်သော ဒေသများမှ ယူကရိန်း ရွှေ့ပြောင်းနေထိုင်သူများကိုသာ ခိုလှုံခွင့် သက်တမ်းတိုးပေးမယ် လို့ ဆွစ်ဇာလန်က ကြေညာခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်မှစတင်ပြီးတော့ ယူကရိန်းနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူ အသစ်များ နဲ့ ပတ်သက်ရင်စုံစမ်းစစ်ဆေးမှုတွေကို လုပ်တော့မှာပါ။ ၎င်းတို့ရဲ့ နောက်ဆုံးနေထိုင်ရာနေရာနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေ နီးကပ်နေပါမှ 'S' အကာအကွယ်အဆင့်အတန်းကို ရရှိမည်ဖြစ်ကြောင်း ဆွစ်ဇာလန်ဖက်ဒရယ်ကောင်စီက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

"ယာယီကာကွယ်မှု ပေးအပ်သည့်အခါ၊ ပြန်လွှတ်လိုက်တဲ့ လူတွေ သူတို့နေရင်း ဒေသပြန်ရောက်တဲ့အချိန်မှာ လုံခြုံရေး ကျိူးပျက်နေတယ် ဆိုပါက အကျိုးအကြောင်း ဆီလျော်တယ်ဆိုရင် ပြန်လာခွင့်ရှိပါတယ်” လို့လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

စစ်ရဲ့ အကျိုးသက်ရောက်မှု နည်းတဲ့ ဗိုလင်း၊ ရော့ဗီနို၊ အယ်လ်ဗစ်၊ တာနိုပိုး၊ ထရန်စကာပါသီယား၊ အိုင်ဗန်နိုဗရန်ကိုဗက်စ် နဲ့ ချာနိုဗက်ဆီ လို ဒေသတွေက ယူကရိန်း အနောက်ပိုင်းမှာရှိပြီး ရှေ့တန်းနဲ့ ဝေးတဲ့ ဒေသတွေဖြစ်လို့ အိမ်ပြန်သင့်ပြီးတော့ ဆွစ်ဇာလန်မှာ မနေဖို့ ကျိုးကြောင်းဆီလျော်တယ် ဆိုပြီး ဆိုပါတယ်။ 

အခြားပိတ်ဆို့ခံထားရတဲ့ ဒေသတွေက ယူကရိန်းဒုက္ခသည်များကို ၂၀၂၇ မတ်လ ၄ ရက် နေ့အထိ  ဆက်လက် ခိုလှုံခွင့် သက်တမ်းတိုးရန်ကိုတော့ သဘောတူခဲ့ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်က ယူကရိန်းနိုင်ငံသားများ အတွက် ထောက်ခံမှု တင်းကျပ်ရန် အခြားဥရောပနိုင်ငံများရဲ့ လှုပ်ရှားမှုကို လိုက်နာခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက ပိုလန်သမ္မတ ကာရို နော်ရော့စကီ က ယူကရိန်းရွှေ့ပြောင်းနေထိုင်သူများအတွက် လူမှုဖူလုံရေးဆိုင်ရာ စည်းမျဉ်းများကို တင်းကျပ်သည့် ဥပဒေကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တာနဲ့ ပတ်သက်နေပါတယ်။ 

အနည်းဆုံး မိဘတစ်ဦး အလုပ်ခန့်ထားပြီး ၎င်းတို့ရဲ့ကလေးများ ကျောင်းတွင် စာရင်းသွင်းထားကြောင်း သက်သေပြနိုင်တဲ့ ဒုက္ခသည်များသာလျှင် ကလေးထောက်ပံ့မှု အကျိုးကျေးဇူးများ အတွက် အကျုံးဝင်တယ်လို့ ဆိုထားပါတယ်။ အလုပ်လုပ်နေတဲ့ ယူကရိန်းနိုင်ငံသားများအတွက် အခြားသော လူမှုဖူလုံရေး အစီအစဉ်များကိုလည်း ကန့်သတ်ထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)