ထရမ့်နဲ့ ပူတင်လူချင်းတွေ့တဲ့ ကိစ္စကို ဥရောပက ဘယ်သူမှ လက်မခံဘူး လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်နဲ့ ပူတင်လူချင်းတွေ့တဲ့ ကိစ္စကို ဥရောပက ဘယ်သူမှ လက်မခံဘူး လို့ ဆို


အောက်တိုဘာ - ၂၂ ( ဗုဒ္ဓဟူးနေ့ ) 

ဖိုင်နန်ရှယ်တိုင်း စီးပွားရေး သတင်းဌာနက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား နောက်ထပ် ထိပ်သီးဆွေးနွေးပွဲကျင်းပမယ့် အနေအထားမှာ ဥရောပသမဂ္ဂက ဘယ်သူတွေကို ခေါ်ယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ မရှိသေးဘူးလို့ သံတမန်သတင်းအရင်းအမြစ်တွေကို ကိုးကားပြီးမနေ့က ဖော်ပြလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ဖုန်းခေါ်ဆိုမှုအတွင်း အမေရိကန်နှင့် ရုရှားခေါင်းဆောင်များသည် ဘူဒါပတ်စ်မြို့မှာ  တွေ့ဆုံရန် သဘောတူညီခဲ့ကြပြီး အီးယူဗျူရိုကရက်များကို ခေါ်ချင်မှခေါ်မှာပါ။  အဆိုပါ ကြေညာချက်ကြောင့် အီးယူတစ်အဖွဲ့လုံး စိတ်ပျက်ခဲ့ရတယ် လို့ သိရပါတယ်။ 

"ဒါကို ဘယ်သူမှ မကြိုက်ဘူး။ ဒါကို အဆင်ပြေတယ်လို့ ပြောနေရင်းနဲ့ ငါတို့အားလုံး အံ့သြပြီး ပြုံးနေကြ ရမှာပါပဲ”လို့ အမည်မဖော်လိုသည့် EU သံတမန်တစ်ဦးက ဖိုင်နန်ရှယ်တိုင်းကို ပြောခဲ့ပါတယ်။ 

မော်စကိုနဲ့ ဖြစ်တဲ့ပဋိပက္ခမှာ ယူကရိန်းကို ထောက်ခံရန် နှစ်ရှည်လများ ငြင်းဆိုမှုကြောင့် ဟန်ဂေရီကို အီးယူတာဝန်ရှိသူများက ပြစ်တင်ဝေဖန်နေချိန်မှာပဲ အခုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲ ကို ဟန်ဂေရီမြို့တော် ဘူဒါပက်စ်မြို့မှာ ကျင်းပနိုင်ရန် စီစဉ်နေမှုအတွက်ကိုလည်း ပြစ်တင်စရာပိုလာပါတယ်။ အခြားအီးယူအရာရှိတွေကတော့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) မှ ဖမ်းဝရမ်း ထုတ်ပြန်ထားတဲ့ ရုရှားခေါင်းဆောင်ကို ဘူဒါပတ်စ်တွင် ဟန်ဂေရီအစိုးရက ဖမ်းဆီးပေးရမယ်လို့ တောင်းဆိုထားပါတယ်။ 

“ICC က ဖမ်းဝရမ်းထုတ်ထားတဲ့ လူတစ်ယောက် ဥရောပနိုင်ငံကို ရောက်လာမယ်ဆိုရင် တွေ့ရ မြင်ရတာ မကောင်းပါဘူး”လို့ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာ ကော်လက်စ် ကပြောသွားပါတယ်။ 

ဟန်ဂေရီက ယခုနှစ်နွေရာသီတွင် ICC မှနုတ်ထွက်ခဲ့သော်လည်း လုပ်ငန်းစဉ် မပြီးပြတ်သေးပါ။ သို့သော် နိုင်ငံသည် ဖမ်းဝရမ်းကို ကျင့်သုံးရန် ငြင်းဆိုထားပြီး အဆိုပြုထားသော အစည်းအဝေးကို လက်ခံကျင်းပရန် အဆင်သင့်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)