စစ်ကိုင်း ၊အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီချိန်တွင် မိုးစပါ သီးနှံကို ယခင်နှစ်ထက် စိုက်ဧက ပိုမိုတိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၌ မိုးစပါး ၂၆၁၁၆ ဧက လျာထား၍ ရာသီကုန်တွင် ၂၆၁၂၆ ဧက စိုက်ပျိုးနိုင်ခဲ့ရာ လျာထားဧကထက် ၁၀ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်စိုက်ဧက ၂၆၁၂၅ ဧကထက် ၁ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည်။ စစ်ကိုင်းမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ချိန်တွင် မိုးပုံမှန်ထက်ပိုမိုရွာသွန်းသောကြောင့် မိုးကောင်းသောက်စိုက်ဧရိယာများတွင် ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်ဟု စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသန့်အောင်ထံမှ သိရသည်။
စစ်ကိုင်းမြို့နယ်တွင် အဓိကစိုက်ပျိုးသီးနှံတစ်မျိုးဖြစ်သော မိုးစပါးကို ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းများဖြင့် ကွင်းဆင်းအသိပညာပေးဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရာသီချိန်တွင် မျိုးစေ့များ ရရှိနိုင်ရေးနှင့် သွင်းအားစု (ဓာတ်မြေဩဇာ)များကို စိုက်ပျိုးသည့် ကျေးရွာများအလိုက် ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေလင်းအောင်
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق