Pages

Pages

(၁၃) ကြိမ်မြောက်အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်





ဖနောင်ပင်၊ အောက်တိုဘာ ၁၆

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၊ ငြိမ်းချမ်းရေးနန်းတော်၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မာနိုက်နှင့် ၂၀၂၅ ခုနှစ်အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး၏ သဘာပတိ H.E Kitte Sangahak Bandith Kun Kim တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပါ သည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှကိုယ်စားလှယ်များ၊ အာဆီယံ +၃ နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံမှ လေ့လာသူအဖြစ်တက် ရောက်ခဲ့ကြောင်း သိရသည်။

 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق