Pages

Pages

သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာနေ့ ) တွင်ပေါင်မြို့နယ် ၌ ဥပုသ်သီလဆောက်တည်သူများ ဘုရားဖူးသူများ စည်ကားလျက်ရှိ






ပေါင်၊ အောက်တိုဘာ ၆     

ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိမ္မာနေ့)  အောက်တိုဘာ(၆) ရက်နေ့တွင်  မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဥပုသ်သီလဆောက်တည်သူများ၊ ဘုရားဖူးသူများ ၊ ရပ်ဝေး၊ရပ်နီးမှ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့ တွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်  ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊အလှူဒါနပြုခြင်း၊သီလဆောက်တည်ကြခြင်းနှင့် တရားဘာဝနာပွားများကျင့်ကြံအားထုတ်လျက်ရှိသည်။လူငယ်များကလည်း အများပြည်သူသွားလာရာနေရာများတွင် မွန်ရိုးရာဝတ်စုံများ ဝတ်ဆင်၍ ပန်းများ အမွှေးနံ့သာများ ဆပ်ကပ်လှူဒါန်းနိုင်ရန် ကုသိုလ်ကောင်းမှုများပြုလုပ်ကြသည်။ ကျိုက်ပေါင်းဆံတော်ရှင်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ယောဂီအဖွဲ့ (၁၇)ဖွဲ့က ဓမ္မစကြာ တရားတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော်‌ ကာဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် ယနေ့ညနေပိုင်း၌ပေါင်မြို့နယ်ထန်းပင်ချောင်ကြီးကျေးရွာရှိ ဗောဓိတစ်ထောင်ဘုရား၊ကဒါရပ်ကွက်ရှိ ရွှေတီဂုံဖူးမျှော်စေတီတော်တို့တွင်စည်ကားလျက်ရှိကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق