ပုဇွန်တောင်မြို့နယ်တွင် မဲစာရင်းမှန်ကန်မှုရှိစေရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် မဲစာရင်းမှန်ကန်မှုရှိစေရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





ပုဇွန်တောင်၊ အောက်တိုဘာ ၁၄

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ တွေ့ဆုံ၍ မဲစာရင်း မှန်ကန်မှုရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် အတွင်း မဲစာရင်းများမှန်ကန်မှုရှိစေရေးနှင့် ကွဲလွဲမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်သွားရန်၊ မြို့နယ်( Working Group)မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ရာတွင်  ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်၊ ရပ်ကွက်များ တွင် ကြေညာထားသည့်မဲစာရင်းများကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး စဉ်ဆက်မပျက်လှည့်လည်ဆော်ဩသွားကြရန်နှင့် မသမာသူများ ဖျက်စီးမှုမရှိစေရေး စနစ် တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ မဲစာရင်း လာရောက်ကြည့်ရှုသည့် ပြည်သူများက မဲစာရင်းတွင် အမည်ထည့်သွင်းခြင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ကန့်ကွက်ခြင်း၊ အချက် အလက်များ မှားယွင်းပါက ပြင်ဆင်ခြင်းများလျှောက်ထားရာတွင် ရွေးကောက်ပွဲ ဥပဒေနှင့် အညီ စနစ်တကျသတ်မှတ်ပုံစံများဖြင့် ပြုစုတင်ပြဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြား ခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ပထမ အကြိမ်မဲစာရင်းများကို အောက်တိုဘာ ၂၀ ရက်နေ့အထိ ကြေညာထားမည်ဖြစ်ကြောင်း သိရ သည်။ 


ဟန်စုယဥ်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)