နေပြည်တော်၊ အောက်တိုဘာ ၁၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အောက်တိုဘာလ ၁၂ ရက်နေ့ ၁၅ ၀၀ အချိန် ရမည်းသင်းမြို့နယ်၊ ရွှေဒါးကျေးရွာအနီးတွင် ရဲမင်း(ခ)ပြူးကျယ်၊ ပြည့်ဖြိုးလွင်(ခ)အငယ်ကောင် နှင့် ရဲမြင့်ကျော်(ခ)ရဲဘော် တို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၈၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရဲမင်း(ခ)ပြူးကျယ်(၃၃)နှစ်၊ ပြည့်ဖြိုးလွင်(ခ)အငယ်ကောင်(၂၉)နှစ် နှင့် ရဲမြင့်ကျော်(ခ)ရဲဘော်(၂၈)နှစ်တို့အား ရွာတန်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق