Pages

Pages

ကမ္ဘာ့ဒုတိယအကြီးဆုံး လစ်သီယံထုတ် နိုင်ငံအဖြစ် အာဂျင်တီးနား ရည်မှန်းနေ




အောက်တိုဘာ - ၁၆ ( ကြာသပတေးနေ့ ) 

အာဂျင်တီးနား၊ ချီလီနဲ့ ဘိုလီးဗီးယား တြိဂံနယ်မြေမှာ လစ်သီယံသိုက်ကြီး တစ်ခုကို တွေ့ရှိပြီးနောက်မှာတော့ အင်ဂျင်တီးနားက ကမ္ဘာ့ ဒုတိယအကြီးဆုံး လစ်သီယံထုတ်နိုင်ငံ ဖြစ်လာရန်အတွက် ရည်မှန်းပါပြီ။ တကယ်လို့ ကမ္ဘာကြီးက လျှပ်စစ်စွမ်းအင်ကို အဓိကထားပြီး လည်ပတ်တော့မယ်ဆိုရင် လစ်သီယံသတ္တုက အဓိကအရေးကြီးတဲ့ နေရာမှာ ပါလာပြီဖြစ်လို့ ရွှေဖြူလို့နာမည်ပေးရတော့မယ့် အခြေအနေပါ။ 

လက်ရှိတွေထားတဲ့ လစ်သီယံသိုက်က ကမ္ဘာ့ကြီးမှာ လက်ရှိ ထုတ်သုံးနေတဲ့ လစ်သီယံပမာဏရဲ့ ၆၀ ရာခိုင်နှုန်းလောက်ရှိ ပါတယ်။ တူးထုတ်တဲ့ စီမံကိန်းအောင်မြင်သွားပါက အာဂျင်တီးနားက သေချာပေါက် ကမ္ဘာ့ဒုတိယအကြီးဆုံး လစ်သီယံထုတ်နိုင်ငံဖြစ်လာတော့မှာပါ။ 

အာဂျင်တီးနားက ၂၀၂၄  ခုနှစ်က လစ်သီယမ်ကာဗွန်နိတ် မက်ထရစ်တန်ချိန် ၇သောင်းခွဲ  ထုတ်လုပ်ခဲ့ပြီး ဒီနှစ်ထဲမှာ တန်ချိန် ၁သိန်းခွဲ နီးပါး ထုတ်နိုင်ဖို့မျှော်လင့်နေပါတယ်။ မနှစ်က လစ်သီယံပို့ကုန်ကြောင့် စုစုပေါင်း ဒေါ်လာ ၆၄၅ သန်းရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီနှစ်တော့ နောက်ထက် ၃၀ % နှုန်းကျော် တိုးလာနေပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق