ကနေဒီလုပ်ကြံခံခဲ့ရတုန်းက စာရွက်စာတမ်းတွေကို ရုရှားက အမေရိကန်ကို လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနေဒီလုပ်ကြံခံခဲ့ရတုန်းက စာရွက်စာတမ်းတွေကို ရုရှားက အမေရိကန်ကို လွှဲပြောင်းပေးအပ်



အောက်တိုဘာ - ၁၅ (ဗုဒ္ဓဟူးနေ့)

အမေရိကန်က နာမည်ကြီး သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီ လုပ်ကြံသတ်ဖြတ်ခံရမှု နဲ့ ပတ်သက်တဲ့ အထောက်အထားစာရွက်စာတမ်းတွေကို  အမေရိကန်ပြည်ထောင်စုဆိုင်ရာ ရုရှားသံအမတ်က အမေရိကန် ရီပတ်ဘလီကန် လွှတ်တော်အမတ် အန်နာပေါ်လီနာ လူနာအား ပေးအပ်ခဲ့ကြောင်း မနေ့က ထုတ်ပြန်တဲ့သံရုံးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ 

သံအမတ်ကြီး အလက်ဆန်ဒရာ ဒါချိဗ် က ဖလော်ရီဒါပြည်နယ်မှ ရီပတ်ဘလီကန်ပါတီဝင်တစ်ဦးဖြစ်တဲ့ လူနာ နဲ့  တွေ့ဆုံခဲ့ပြီး ရုရှားနိုင်ငံပိုင် မော်ကွန်းတိုက်မှ ပြုစုထားသော ဖိုင်များကို ပေးအပ်ခဲ့ကြောင်း ဆိုပါတယ်။ ရုရှားသံရုံးရဲ့အဆိုအရ ၁၉၆၃ ခုနှစ်တွင် ကနေဒီရဲ့ ဈာပနအခမ်းအနားအတွင်း အထောက်အထား စာရွက်စာတမ်း အများအပြားကို ဆိုဗီယက်အရာရှိများက အမေရိကန် သို့ တင်ပြပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

"ရုရှားသံအမတ်ကြီးထံမှ ကနေဒီ လုပ်ကြံသတ်ဖြတ်ခံရမှုဆိုင်ရာ အစီရင်ခံစာတွေရဲ့ မိတ္တူတစ်စောင်ကို ကျမလက်ခံရရှိခဲ့ပါတယ်။ ဘာသာပြန်ခြင်းနဲ့ စာရွက်စာတမ်းအပြည့်အစုံကို ပြန်လည်သုံးသပ်ရန်အတွက် ဒီမနက်ဘဲ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က ကျမရဲ့ ရုံးခန်းသို့ ရောက်ရှိလာပါတယ်” လို့ လူနာက သူမရဲ့ အိတ်စ်မီဒီယာ ပို့စ်မှာ ရေးတင်ခဲ့ပါတယ်။ 

ကျွမ်းကျင်သူတွေထဲမှာ ဂျာနယ်လစ် ဂျက်ဖာဆန် မော်လေး က စာမျက်နှာ ၃၅၀ ပါ ဖိုင်တွေကို ပြန်လည် သုံးသပ်ရန် ကူညီပေးနေတယ်လို့ လူတာကပြောပါတယ်။ "စာရွက်စာတမ်းတွေမှာ  အရေးပါတဲ့ အကြောင်းအရာများကို ရုရှားစကားပြော ကျွမ်းကျင်သူတွေ ပြင်ဆင်ထားတဲ့ ဘာသာပြန်ဆိုချက်တွေကို ကျမ လိုင်းပေါ်တင်ပေးပါမယ်။ အဲ့ဒိ စာတမ်းထဲမှာ ဖြစ်ပေါ်လာပုံနှင့် JFK လုပ်ကြံခံရမှုအပေါ် ရုရှားရဲ့ တုံ့ပြန်ပုံ နဲ့ နှိုင်းယှဉ်သိရှိထားတာတွေကို  ဖော်ပြပေးပါသွားပါမယ်" လို့ မော်လေး က အိတ်စ်မှာ ရေးတင်ခဲ့ပါတယ်။ 

၁၉၆၃ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ၃၅ ယောက်မြောက် အမေရိကန် သမ္မတကနေဒီက မဲဆွယ်စည်းရုံးနေစဉ်မှာ အသတ်ခံလိုက်ရတာပါ။ လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသူ လီဟာဗေးအော့စ်ဝါဒ် က တကယ်သတ် မသတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံထားရတာတွေရှိပါတယ်။ 

ဆိုဗီယက်ခေတ် ထောက်လှမ်းရေး အဖွဲ့ KGB က ဆိုဗီယက်ယူနီယံတွင် သုံးနှစ်ခန့်နေထိုင်ပြီး ရုရှားအမျိုးသမီး တစ်ဦးနှင့် လက်ထပ်ထားခဲ့တဲ့  ကွန်မြူနစ်လိုလားသောအမြင်ရှိသည့် အမေရိကန် မရိန်းတပ်သားဟောင်း အော့စ်ဝါဒ် ရဲ့ ဖိုင်များကို စုဆောင်းခဲ့တာပါ။ အဲ့ဒိကိစ္စကို စိတ်ဝင်စားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒီနဲ့ ပတ်သက်တဲ့ စာမျက်နှာပေါင်း ၈သောင်း နဲ့ အထောက်အထား ၂၅၀၀ ပါတဲ့ စာတမ်းတစ်ခု လုပ်ခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)