ထရမ့်က နေတန်ယာဟုကို သောက်ကောင်းမမြင်တတ်တဲ့ လူလို့ စိတ်ဆိုးမာန်ဆိုးပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်က နေတန်ယာဟုကို သောက်ကောင်းမမြင်တတ်တဲ့ လူလို့ စိတ်ဆိုးမာန်ဆိုးပြော


အောက်တိုဘာ - ၆ ( တနင်္လာနေ့ ) 

ဂါဇာကမ်းမြောင်ဒေသ ငြိမ်းချမ်းရေးအစီအစဉ်နှင့်ပတ်သက်ပြီး ဟားမတ်စ်၏ ထုတ်ပြန်ချက်အပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Axios က ဖော်ပြခဲ့ပါတယ်။ 

အမေရိကန်၏ အဆိုပြုချက်အရ ဓားစာခံများကို လွှတ်ပေးရန် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ဟားမတ်စ်က သဘောတူညီခဲ့ကြောင်း သောကြာနေ့တွင် အတည်ပြုခဲ့ပါတယ်။ လက်နက်ဖြုတ်သိမ်းမည့် အစီအစဉ်ကို မဖော်ပြထားသော်လည်း တနင်္ဂနွေနေ့နှောင်းပိုင်းတွင်  Al Arabiya သတင်းရင်းမြစ်များက ယင်းအဖွဲ့သည် ထိုသို့လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟားမတ်စ်အဖွဲ့၏ လှုပ်ရှားမှုကို ဆွေးနွေးရန် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို သောကြာနေ့တွင် ဖုန်းခေါ်ဆိုခဲ့ပြီး သတင်းကောင်းအဖြစ် သူမြင်ကြောင်း ပြောခဲ့ပါတယ်။ အစ္စရေးခေါင်းဆောင်က Axios သတင်းဌာနနဲ့ အင်တာဗျူးမှာ အမေရိကန်သမ္မတကိုရည်ရွယ်ပြီး “ဒါက ဂုဏ်ပြုစရာ ဘာမှမဟုတ်သလို ဘာမှလည်း အဓိပ္ပာယ်မရှိဘူး” လို့ အမေရိကန်သမ္မတနဲ့ ခံစားချက်ချင်း မတူဘူးလို့ ပြောသွားပါတယ်။

"မင်းဘာလို့ အဆိုးမြင်နေလဲဆိုတာ ငါမသိဘူး။ ဒါက အောင်ပွဲပဲ။ ယူလိုက်ပါ"လို့ ထရမ့်က ပြန်ပြောခဲ့ပါတယ်။ 

 စနေနေ့က အစ္စရေးဘက်က ထုတ်ပြန်ချက်မှာတော့ ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့သည် “လုံးဝညီညွတ်သည်” ဟု အလေးပေးပြောကြားခဲ့ပေမဲ့ သောကြာနေ့ ဖုန်းခေါ်ဆိုမှုတွင် “အငြင်းပွားဖွယ်” ဖြစ်ပြီး ထရမ့် “စိတ်ဆိုးနေ”ကြောင်း အမေရိကန်အရာရှိတစ်ဦးက Axios သို့ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုများကို ရပ်တန့်ရန် အမေရိကန်သမ္မတက အစ္စရေးအား တောင်းဆိုခဲ့ပြီး ဟားမတ်စ်က စစ်ဆင်ရေးများကို ရပ်ဆိုင်းပြီး သဘောတူညီချက်အတိုင်း အစ္စရေးတပ်များ ပြန်လည်ရုပ်သိမ်းပြီး ၇၂ နာရီအတွင်း ကျန်ရှိသော ဓားစာခံအားလုံးကို လွှတ်ပေးမယ်လို့ ဟားမတ်စ်က အဆိုပြုခဲ့ပါတယ်။ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား သွယ်ဝိုက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို တနင်္လာနေ့တွင် အီဂျစ်မှာ စတင်ရန် စီစဉ်ထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)