ရုရှားနိုင်ငံကို ဗုဒ္ဓဓာတ်တော် မွေတော်တွေ ဒေသစာရီကြွချီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနိုင်ငံကို ဗုဒ္ဓဓာတ်တော် မွေတော်တွေ ဒေသစာရီကြွချီ


အောက်တိုဘာ - ၁၂ ( တနင်္ဂနွေနေ့ ) 

မနေ့က ဗုဒ္ဓဘာသာကို တည်ထောင်သူ ဗုဒ္ဓသကျမုနိ ရဲ့ အကြွင်းအကျန် ဓာတ်တော်မွေတော်များကို ရုရှားနိုင်ငံ ကလမ်မိုင်ကီယာဒေသသို့  အထူးလေတပ်မှ အထူးလေယာဉ်ဖြင့် သယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့အကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေး ခိုင်မာလာစေရန် ခြေလှမ်းသစ်တစ်ရပ်အဖြစ် ဒေသတွင်းမြို့တော် အီလစ်စတာ တွင် တစ်ပတ်ကြာ ပြသအပူဇော်ခံမှာ ဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ နိုင်ငံတကာဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ အိန္ဒိယအမျိုးသားပြတိုက်နှင့် အင်ဒီယာဂန္ဒီ အမျိုးသားအနုပညာအဖွဲ့ တို့ ပူးပေါင်းစီစဉ်သည့် ယဉ်ကျေးမှုဆိုင်ရာ ပဏာမ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ 

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား အက်တာပရာဒေ့ရှ် ဒုတိယဝန်ကြီးချုပ် မှ ဦးဆောင်ပြီး ပညာရှင်များနှင့် သံဃာတော်တို့က ဓာတ်တော်တွေ ကို ပင့်ဆောင်ခဲ့ပါတယ်။ ကလမ်းမိုင်ကီယာလာမားများ နဲ့  ဗုဒ္ဓဘာသာ ခေါင်းဆောင်များက လက်ခံရယူခဲ့ပါတယ်။ အခမ်းအနားကို ရုရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဗီနေကူမား လည်း တက်ရောက်ခဲ့ပါတယ်။

အီလစ်စတာမြို့က ရုရှားနိုင်ငံရဲ့ ယဉ်ကျေးမှုစင်တာများထဲမှ တစ်ခုဖြစ်ပြီး အိန္ဒိယက ဓာတ်တော်တွေကို ပင့်ဆောင်ပြီး မြို့ကိုဂုဏ်ပြုပေးတာဖြစ်ကြောင်း၊ အလွန်အရေးပါတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ အပြန်အလှန်လေးစားမှုနှင့် မျှဝေယဉ်ကျေးမှုအမွေအနှစ်များကို အခြေခံ၍ ကျနော်တို့ လူမျိုးအချင်းချင်း ဆက်လက်ဆွေးနွေးမှုကို ထင်ဟပ်စေပါကြောင်း မြို့တော်ဝန်က အခမ်းအနားမှာ ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)