Pages

Pages

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ကာတာသံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ



နေပြည်တော်၊ အောက်တိုဘာ ၂၂

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ထမ်းဆောင်မှု ကာလပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် ကာတာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ်အေ အယ်လ် ကူဝါရီ အား ၂၁-၁၀-၂၀၂၅ ရက်၊ ၁၅၀၀ နာရီ တွင် နေပြည်တော်ရှိ   နိုင်ငံခြားရေးဝန်ကြီးဌာန၌  လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန်ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق