ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

 

Uploading: 2537102 of 2537102 bytes uploaded.



ဟင်္သာတ ၊  အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးသည် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးက တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှုရှိစေရေးအတွက် လာမည့်နွေရာသီတွင် နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိအောင် တောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဆန်အား ပြည်ပပို့ကုန်အဖြစ်ဆောင်ရွက်နေသည့်အတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ပစျေးကွက် စျေးကောင်းရရှိရေးအတွက် အထွက်နှုန်းကောင်းသည့် စပါးမျိုးများ စိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်း၊ ဆီဖူလုံမှုရရှိရေးအတွက်လည်း ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံကြိတ်ခွဲစက်များ လုံလောက်စွာတည်ထောင်နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက ဆီထွက်သီးနှံ ပဲပုတ် လျာထားစိုက်ဧကများအပေါ် စိုက်ပျိုးပြီးစီးမှုနှင့်ပုတ်ပဲဆီ ကြိတ်ခွဲစက်များအား လုပ်ငန်းရှင်းများ တည်ထောင်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော လုပ်ငန်းရှင်များမှလည်း မိမိတို့နှင့်သက်ဆိုင်သော လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်မှာကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)