Pages

Pages

အာဆီယံထိပ်သီးအစည်းအဝေးသို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပပြုလုပ်မည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖို့ရှိကြောင်း သိရသည်။

ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်တွေအားလုံးအပြင် အဓိက ကမ္ဘာ့ခေါင်း  ဆောင်အချို့နဲ့ အဓိက ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်တွေလည်း ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق