သာကေတလူငယ်စင်တာ၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)၊(၂/၂၀၂၅)၊ (၃/၂၀၂၅)၊ (၄/၂၀၂၅)၊ (၅/၂၀၂၅)နှင့် (၆/၂၀၂၅)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာကေတလူငယ်စင်တာ၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)၊(၂/၂၀၂၅)၊ (၃/၂၀၂၅)၊ (၄/၂၀၂၅)၊ (၅/၂၀၂၅)နှင့် (၆/၂၀၂၅)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



ရန်ကုန်၊ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)၊ (၂/၂၀၂၅)၊ (၃/၂၀၂၅)၊ (၄/၂၀၂၅)၊ (၅/၂၀၂၅)နှင့် (၆/၂၀၂၅)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သာကေတမြို့နယ် လူငယ်စင်တာတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်၊ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ သင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ကြက်ခြေနီတပ်ဖွဲ့ဝင်များက “ရိုင်းပင်းကူညီ ကြက်ခြေနီ” တေးသီချင်းဖြင့် ဖျော်ဖြေကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှေးဦးပြုစုခြင်းသည် ဆေးရုံမရောက်မီ အသက်ကယ်ကုသခြင်း (Pre Hospital Care)၏ အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပြီး ရှေးဦးပြုစုခြင်း (First Aid) ဖြင့် ကူညီပြုစုပေးကာ ဆေးရုံကို ပို့ဆောင်ရာတွင် ဆေးရုံ၏ (Post Hospital Care)ကို များစွာအထောက်အကူဖြစ်စေပါကြောင်း၊ လူနာများအတွက် ဒဏ်ရာအခြေအနေ ပိုမိုမဆိုးစေရန်နှင့် အသက်ရှင်သန်စေရန်အတွက်လည်း အခွင့်အလမ်းများ ပိုမိုရရှိမှာဖြစ်သည့်အတွက် လူတိုင်းတတ်မြောက်ထားသင့်သည့် အတတ်ပညာဖြစ်ပါကြောင်း၊ မြန်မာပြည်သူ ပြည်သားအားလုံး၏ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေလိုကြောင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးနှင့် လူငယ်ရေးရာကော်မတီတို့သည်လည်း ဆက်လက်ပြီး ယခုကဲ့သို့ နိုင်ငံ၏အားထားရာ လူရည်ချွန် လူရည်မွန်များကိုမွေးထုတ်ပေးနိုင်ပါစေလိုကြောင်းပြောကြားပြီး သင်တန်းထူးချွန်ဆုများ၊ အကောင်းဆုံးကျောင်းသားဆုနှင့် ကျောင်းဆုတို့ကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်က ဂုဏ်ပြုအမှာစကားပြောကြားပြီး သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး ဆောက်လုပ်ရန်အတွက် အလှူငွေများအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် (ဗဟိုအဆင့်ပြိုင်ပွဲ)၌ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု နှစ်ယောက်တွဲ စွမ်းရည်ပြိုင်ပွဲတွင်ဒုတိယဆုရရှိခဲ့သည့် သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ခွဲမှူး မယွန်းနွယ်အောင်အားလည်းကောင်း၊ သင်တန်းထူးချွန်ဆုများ ရရှိသူများအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ကြက်ခြေနီတပ်ဖွဲ့ဝင်များက “အများအတွက် ကြက်ခြေနီ” တေးသီးချင်းဖြင့် ဖျော်ဖြေကြပြီး တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများ၊ သင်တန်းနည်းပြများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး  သာကေတမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်အေးထွေးမိုးက ကျေးဇူးတင်စကား ပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရ သည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)