Pages

Pages

မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုရား စေတီများတွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဘုရားဖူးပြည်သူများဖြင့် စည်းကား





မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုရားစေတီများတွင်  ယမန်နေ့ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ကုသိုလ်ကောင်းမှု ပြုလုပ်သူ ၊ တရားဘာဝနာ ပွားများကျင့်ကြံအားထုတ်သူ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက် တည်သူများဖြင့်  ကောင်းမှုပြု ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ ‌ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ  ဘုရား ၊ စေတီ များတွင် သာသနာနှစ် ၂၅၆၉ ၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် ၊ သီတင်း ကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ တွင် အမြို့မြို့ အနယ်နယ်မှ  ဘုရားဖူးပြည်သူများ က ဗုဒ္ဓဘုရားရှင်အား ရည်မှန်း၍ ဘုရားဖူး မျှော်ခြင်း ၊ ပန်း ၊ ရေချမ်း  ၊ သစ်သီး ၊ ဆီမီးများ ကပ်လှူ ပူဇော်ခြင်း ၊ ဇီဝိတဒါန ငှက် နှင့် ငါးလွှတ်ခြင်း စသည့် ကောင်းမှုများကို လာရောက်ပြုလုပ်သူများဖြင့် စည်းကားလျက် ရှိသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق