Pages

Pages

ဂျပန်မှာ ပါတီတွေ ညွှန့်ပေါင်းဖွဲ့ပြီး အာဏာရဖို့ ကြိုးစားနေ




အောက်တိုဘာ - ၁၆ ( ကြာသပတေးနေ့ ) 

ဂျပန်လွှတ်တော် ( ဒိုင်ယက် ) က နောက်အပတ် အင်္ဂါနေ့မှ ရွေးကောက်ပွဲလုပ်ပြီး ဝန်ကြီးချုပ်ရွေးချယ်မှာဖြစ်လို့ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေ အပြိုင်အဆိုင်ကြိုးစားမှုတွေ လုပ်နေပါတယ်။ လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ( LDP) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဆန်နေးတာခိုင်ချီ က ဝန်ကြီးချုပ်ဖြစ်လာရန် ရေပန်းစားနေပေမဲ့ အခြားနိုင်ငံရေးပါတီတွေက သူမရဲ့လမ်းကြောင်းသွေဖီသွားအောင် ညွှန့်ပေါင်းဖွဲ့ပြီး မဲအသာစီးရအောင် ကြိုးပမ်းနေပါတယ်။ 

အဲ့လိုပဲ LDP က ဂျပန်အင်နိုဗေးရှင်းပါတီ (JIP) ကို  နိုင်ငံရေး ညွန့်ပေါင်းဖွဲ့ရန်အတွက် ပူးပေါင်းရန် သွေးဆောင်နေပြီး လက်ရှိ ယာယီဝန်ကြီးချုပ် ရှီဂူရူ အီရှီဘာရာထူးကနေ နုတ်ထွက်တာနဲ့ သူ့ရဲ့နေရာကို JIP က တစ်ယောက်ယောက်ကို ပေးမယ် ဆိုပြီး ကမ်းလှမ်းထားပါတယ်။ 

LDP အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်တွင် အမတ်နေရာ ၄၆၅ နေရာမှာ ၁၉၆ နေရာရထားပြီး အမတ်အများဆုံး ဖြစ်ပေမဲ့ အစိုးရဖွဲ့ဖို့ ၂၃၃ နေရာ လိုအပ်ပေရာ အခြားပါတီတွေနဲ့ ညွှန့်ပေါင်းဖွဲ့ပြီး အမတ်တွေရဲ့ မဲကို စုစည်းနိုင်မှ ဝန်ကြီးချုပ်နေရာကို ရမှာပဲ ဖြစ်ပါတယ်။ ဒိုင်ယက်လွှတ်တော်မှာ တာခိုင်ချီရဲ့ ဝန်ကြီးချုပ်နေရာက မခိုင်မာသေးပါဘူး။ JIP နဲ့ ညွှန့်ပေါင်းဖွဲ့နိုင်ရင်တော့ သူမမျှော်မှန်းထားတဲ့ ဝန်ကြီးချုပ်ရာထူးက သေချာသလောက် ဖြစ်သွားပါပြီ။ ဒါပေမဲ့ JIP က ညွှန့်ပေါင်းအစိုးရအဖွဲ့က ထွက်သွားတော့ အဲ့ဒိနေရာကို ကိုမိုင်တိုပါတီ နဲ့ အစားထိုးဖို့ လုပ်နေပါတယ်။ ကိုမိုင်တိုပါတီက လွှတ်တော်မှာ အမတ် နေရာ ၂၄ နေရာရှိနေပါတယ်။ တာခိုင်ချီကတော့ ကျမဘယ်တော့မှ လက်မလျှော့ပါဘူး လို့ ပြောနေတုန်းပါပဲ။ 


REF : UPI

https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق