Pages

Pages

ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းမွေးသည် အမှန်ကတယ်ကောင်းမွန်သည့် ဆန်အမျိုးအစားဖြစ်သဖြင့် ပေါ်ဆန်းမွေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား


ပုသိမ်၊ အောက်တိုဘာ ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယမန်နေ့က တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းမွေးသည် အမှန်ကတယ်ကောင်းမွန်သည့် ဆန်အမျိုးအစားဖြစ်သဖြင့် ပေါ်ဆန်းမွေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် လိုကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဧရာဝတီတိုင်းဒေသကြီး၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက် ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထွက်နှုန်းများ ကောင်းမွန်အောင်ဆောင်ရွက်ရန်လိုသကဲ့သို့ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဥပမာအားဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့်စပါးများ၏ Eating Quality များ ကောင်းမွန်ရန်လိုပြီး အရေအတွက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်သဖြင့်အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

အဓိကအားဖြင့်  လုပ်သမျှအကျိုးခံစားနိုင်ရန် အထွက်နှုန်းများကာင်းမွန် အောင်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ အထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်အနေဖြင့် မိုးစပါးတင်း ၁၀၀ နွေစပါး တင်း ၁၁၀ ထားရှိကြောင်း၊ စိုက်ပျိုးဧကများ မှန်ကန်ရန်နှင့် အထွက်နှုန်းများတိုးတက်မှု ရှိရန်လိုကြောင်း၊ ဒေသအားလုံးသို့သွား ရောက်နိုင်ခြင်းမရှိသော်လည်း အချို့ဒေသများတွင် ကွင်းဆင်းကောက်ယူနိုင်ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး တာဝန်ရှိသူများက စနစ်တကျ ကောက်ယူသွားရန်လိုကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ မြေကိုစနစ်တကျ အသုံးချရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ လယ်စိုက်ပျိုးမြေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ရေနက်ကွင်းများဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါရေနက်ကွင်းများအား မြေပြုပြင်သည့် လယ်စပါးစိုက်ပျိုးခြင်းနှင့် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနက်ကွင်းများကို စနစ်တကျ အသုံးချဆောင်ရွက်မည်ဆိုပါက သား၊ ငါးထုတ်လုပ်မှုကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီး အနေဖြင့် ထိပ်ဆုံးတွင်ရှိနေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း (၄)မျိုးဖြင့်စနစ်တကျ စိုက်ပျိုးကြရန်လိုကြောင်း၊ လယ်မြေများအား ဧကကွက် များအဖြစ် ဖော်ထုတ်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

စပါးစိုက်ပျိုးမှုလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စပါးစိုက်ပျိုးမှုများကို ပင်ကြား၊ တန်းကြားမှန်မှန်ကန်ကန်နှင့် ကောက်ကွက်ပြည့်မီအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လယ်မြေများအား မြေပြုပြင်၍ စိုက်ပျိုးသွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကိုပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် ဆောင်ရွက်သွားရန်လိုကြောင်း။

မွေးမြူရေးနှင့်ပတ်သက်၍ မြို့တွင်ရှိပြီးဖြစ်သည့် ဒေသတွင်းစားရေး အထောက်အကူဖြစ်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား ကောင်းမွန်လာ မည်ဆိုပါက ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများတိုး တက်လာမည်ဆိုပါက ပြည်ပပို့ကုန်များတိုးတ်ကလာပြီး နိုင်ငံခြားငွေများ ပိုမိုတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံခြားငွေများ ရရှိလာမည်ဆိုပါက နိုင်ငံ့စီးပွားရေးတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို အမှန်တကယ်လုပ်ရန်လိုကြောင်း၊ အထွက်နှုန်းများ ရာနှုန်းပြည့် ထုတ်လုပ်ပြီး ပို့ကုန်ပစ္စည်းများ ထုတ်လုပ်၍ နိုင်ငံခြားငွေများရရှိအောင် ဆောင်ရွက်သွားရန် လိုကြောင်း။

ဧရာဝတီတိုင်းဒေသကြီးတွင် ပေါ်ဆန်းမွေးသည် အမှန်ကတယ်ကောင်းမွန်သည့် အမျိုးအစားဖြစ်သဖြင့် ပေါ်ဆန်းမွေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စားသုံးဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေများသုံးစွဲရလျက်ရှိကြောင်း၊ ဆီဖူလုံရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် အချို့နေရာ များ၌ နေကြာစိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ထို့ကြောင့်နေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ပဲပုပ်၊ နေကြာ၊ မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများကို စိုက်ပျိုး နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း တိရစ္ဆာန် အစားအစာများထွက်ရှိကြောင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား များကို ပိုမို တိုးချဲ့မွေးမြူဆောင်ရွက်သွားမည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။ ပညာရေးကဏ္ဍနှင်ပတ်သက်ပြီး တန်းစဉ်ကူးပြောင်းမှုများ နည်းပါးနေသေးကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်းပညာရည်မြင့်မားစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာ အထတန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍနှင့်ပတ်သက်၍ သင်ကြားခြင်းနှင့် သင်ယူမှုများ တိုးတက်စေရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်စေရေး မိမိအနေဖြင့်တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق