Pages

Pages

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ထံသို့ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Seri Utama Haji Mohamad Bin Haji hasan ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ ၉

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ထံသို့ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Dato' Seri Utama Haji Mohamad Bin Haji hasan : ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ရန် ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အပါအဝင် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ် များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ NCA စာချုပ်ပါ သဘောတူညီ ချက်များနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုများ၊ နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမို အရှိန်မြှင့်တင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက် သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق